PI အကြောင်း

Written by Friday, 03 February 2017 09:49

ပြည်ထောင်စုအင်စတီကျူ့ကို တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူထု အခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်များ၏ ၂၀၁၂ ဒီဇင်ဘာလတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အရ ၂၀၁၃ သြဂုတ်လတွင် ထူထောင်သည်။

Vision

ဗဟုဘာဂ၊ သာတူညီမျှသော၊ ဒီမိုကရေစီကျသော၊ ဗဟုဘာဂီ ပြည်ထောင်စုတည်ဆောက်ရန်

Mission

ပြည်ထောင်စုတည်ဆောက်ရာတွင် လိုအပ်သော အထောက်အကူများ၊ အရင်းအမြစ်များပေးရန်နှင့် ဘုံသဘောတူညီမှု ရရှိရန်အတွက် လေ့လာဆွေးနွေးညှိနှိုင်း အဖြေရှာရာတွင် လိုအပ်သည့် လွတ်လပ်သော၊ ဘက်မ လိုက်သော ဆွေးနွေးလေ့လာရေး ဘုံစုရပ် (Common Space) ဖန်တီးရန်

Value

၁) တိကျမှန်ကန်သည့် အချက်အလက်များအပေါ် အခြေပြုခြင်း
၂) ပြည်ထောင်စုတည်ဆောက်ရာတွင် ပါ၀င်သူ အားလုံးပိုင်ဆိုင်ပြီး စီမံကွပ်ကဲခြင်း
၃) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်ကြသောသူများ အားလုံး၏ ဦးဆောင်လမ်းညွန်မှုနှင့် စီမံခန့်ခွဲမှုဖြင့် ပြည်ထောင်စု တည်ဆောက်ခြင်း

ဒါရိုက်တာဘုတ်အဖွဲ့

22 lay           suikhar           khuensai jaiyen
စောထူးထူးလေး   ဒေါက်တာ Sui Khar   ခွန်းဆိုင်ကျိုင်ယင်

 

အဓိက လုပ်ငန်းများ

(၁) ငြိမ်းချမ်းရေးအတွက် လိုအပ်သော ကြားနေစုစည်းညှိနှိုင်းမှုများကိုပံ့ပိုးဆောင်ရွက်ခြင်း
(၂) အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြားတွင် လည်းကောင်း တိုင်းရင်းသားအဖွဲ့အစည်းများကြားတွင် လည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများကြားတွင် လည်းကောင်း လိုအပ်သော ကြားနေစုစည်း ညှိနှိုင်းမှုများကို ပံ့ပိုးဆောင်ရွက်ခြင်း
(၃) အပစ်ရပ်ဆွေးနွေးရေးနှင့် နိုင်ငံရေးဆွေးနွေးရေးအတွက် Technical အထောက်အကူပြုခြင်း
(၄) အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးတွင် တိုင်းရင်းသားအဖွဲ့အစည်းများအား သုတေသနပိုင်းနှင့် Technical ကိစ္စရပ်များတွင်ကူညီပေးခြင်း
(၅) တိုင်းရင်းသားအဖွဲ့အစည်းများမှ သုတေသီများ၊ ငြိမ်းချမ်းရေး Technical Support Team အဖွဲ့ဝင်များကို PI ရုံးတွင် Host လုပ်ခြင်း
(၆) အပစ်ရပ်ဆွေးနွေးပွဲစာချုပ်မူကြမ်းများ သုံးသပ်အကြံပြုခြင်း
(၇) နိုင်ငံရေးပါတီများအား နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရာတွင် Technical အထောက်အကူပြုဆောင်ရွက်ခြင်း
(၈) လူထုအခြေပြုအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း
(၉) ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ၊တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက အဆိုပြုထားသည့် ဆွေးနွေးရန် အကြောင်းအရာများကို သုတေသနပြုခြင်း
(၁၀) လိုအပ်မည့် အချက်အလက်များ၊ knowledge အရင်းအမြစ်များကို စုဆောင်းပြီး အရင်းအမြစ်ဌာနအနေဖြင့် ဆောင်ရွက်ခြင်း
(၁၁) အဖွဲ့အစည်းများတွင် သုတေသနအရည်အချင်းများ မြှင့်တင်ရန် သုတေသီများကို လေ့ကျင့်ပျိုးထောင်ပေးခြင်း

ပြည်ထောင်စု အင်စတီကျူ့သည်

တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့ အစည်းများ၊ အစိုးရနှင့် ဌာနဆိုင်ရာများ၊ သတင်းမီဒီယာနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်သည့် အဖွဲ့ အစည်းများအားလုံးကို သုတေသနပိုင်းဆိုင်ရာ၊ သတင်းအချက်အလက် အရင်းအမြစ်ဆိုင်ရာနှင့် ကြားဝင်ညှိနှိုင်းရေးအတွက် နည်းပညာဆိုင်ရာ ကိစ္စရပ်တို့တွင် ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်း ဖြစ်သည်။

Read 1915 times Last modified on Wednesday, 15 February 2023 11:04
PI

APP ရယူရန်

ပြည်ထောင်စု အင်စတီကျူ့မှ အင်္ဂလိပ်-မြန်မာ ဖက်ဒရယ်မူနှင့် သက်ဆိုင်သော ဝေါဟာရ အသုံးအနှုန်းများ စာအုပ်ကို Dictionary - Mobile Apps အနေဖြင့် မိမိ၏ ဖုန်းတွင်သော်လည်းကောင်း၊ ကွန်ပြူတာတွင်သော်လည်းကောင်း Install လုပ်နိုင်ပြီးဖြစ်ကြောင်း  

Android Windows

 

 

PI အကြောင်း

ပြည်ထောင်စု အင်စတီ ကျူ့ ကို တိုင်းရင်းသား အဖွဲ့အစည်း များနှင့် လူထု အခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ် များ၏ ၂၀၁၂ ဒီဇင်ဘာလ တွင် ချမှတ်ခဲ့ သော ဆုံးဖြတ်ချက် အရ ၂၀၁၃ သြဂုတ်လ တွင် ထူထောင် သည်။

ဆက်ဖတ်ရန် ...