To subscribe our Peace Info (News PI), please enter your email here!

အစိုးရ

ယခုလက်ရှိကာလတွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အစိတ်အပိုင်း သုံးခု ရှိသည်။ Union Peace-making Central Committee (UPCC) ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီသည် ထိပ်ဆုံးတွင်ရှိသည်။ သမ္မတ ဦးသိန်းစိန်သည် ထိုကော်မတီ၏ ဥက္ကဌ ဖြစ်သည်။ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင်ပါ၀င်သော အဖွဲ့ဝင်အားလုံးပါ၀င်သည် (ဒု-ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့မှလွဲ၍)။

UPCC အောက်တွင် Union Peace-making Work Committee (UPWC) ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်ကော်မတီရှိသည်။ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ထိုကော်မတီ၏ ဥက္ကဌဖြစ်သည်။ အဖွဲ့ဝင်ဖြစ်သည့် ၀န်ကြီး ဦးအောင်မင်းသည် အစိုးရ၏ ဦးဆောင်ငြိမ်ချမ်းရေးဆွေးနွေးသူ ဖြစ်သည်။

UPCC နှင့် UPWC ကို ၂၀၁၂ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့သည်။ ထိုမတိုင်ခင်က ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး အဖွဲ့နှစ်ဖွဲ့ရှိပြီး ၂၀၁၂ ခုနှစ် မေလတွင်မှ UPCC နှင့် UPWC ကို အထက်အောက်အနေဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင်စာရင်း။

Loading...

UPCC နှင့် UPWC ကို အထောက်အကူပေးသည့် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) ရှိသည်။

mpc-structure

ဒိုင်ယာဂရမ် - MPC

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn