To subscribe our Peace Info (News PI), please enter your email here!

National Democratic Alliance Army ndaa
အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်

အစိုးရက ခေါ်ဆိုသည့်အမည်- ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ အမှတ် (၄)
အခြားအမည်- မိုုင်းလားအဖွဲ့

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၁၉၈၉ ခုနှစ်။
ဌာနချုပ်- မိုုင်းလား၊ ရှမ်းပြည်နယ် အရှေ့ပိုင်း။
ထိန်းချုပ်ဒေသ- မိုုင်းလား၊ ရှမ်းပြည်နယ် အရှေ့ပိုင်း (အထူးဒေသ-၄)
ခန့်မှန်းအင်အား- ၃, ၀၀၀+
ခေါင်းဆောင်- စိုင်းလင်း (ဦးစိုင်းလင်း သို့မဟုတ် လင်မင်းရှန် Lin Mingxian ဟုလည်း သိရှိကြသည်။)

အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- အရှေ့ပိုင်း ရှမ်းပြည်နယ် (NDAA-ESS) သည် မိုုင်းလား အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးအဖွဲ့တစ်ခု ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီမှ တပ် များ ခွဲထွက်ပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည်။ ယခင် CPB လက် အောက်ခံ တပ်များဖြစ်ခဲ့သည့် MNDAA, UWSA, NDA-K တို့နှင့် နီးစပ်သောဆက်ဆံရေး ရှိသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (CEC)-

ဥက္ကဋ္ဌ- စိုင်းလင်း ခေါ် Sai Leun
ဒု-ဥက္ကဋ္ဌ- စံဖဲ/ Hsan Per
အထွေထွေအတွင်းရေးမှူး- စဝ်ဆဲန်လ
အတွင်းရေးမှူး- ဦးခမ်းမောင်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်- စက်တင်ဘာလ ရ ရက်၊ ၂၀၁၁ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ဒုတိယမြောက် အဖွဲ့ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၁ ခုနှစ်)
ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- အလှည့်ကျ ဖြစ်သည်။

ဆက်ဆံရေးရုံးများ- ရန်ကုန်၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မန္တလေး (အသစ်ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်သည်။)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1072 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « CNF KPC »