To subscribe our Peace Info (News PI), please enter your email here!

United Wa State Party uwsp
ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ

နိုင်ငံရေးအဖွဲ့အစည်း- ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)
လက်နက်ကိုင်တပ်ဖွဲ့- ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)
အစိုးရမှ ခေါ်ဆိုသည့်အမည်- ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ-၂

အကျဉ်းချုပ်
တည်ထောင်သည့်နေ့စွဲ- ၁၉၈၉ ခုနှစ်။
ဌာနချုပ်- ပန်ခမ်း (ပန်ဆန်းဟုလည်း ခေါ်ဆိုကြသည်။)
လှုပ်ရှားဒေသ- ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန် ဒေသများ။
ခန့်မှန်းအင်အား- ၃၀, ၀၀၀ (အရံ ၁၀,၀၀၀)
ခေါင်းဆောင်- ပေါက်ယူချန်း (Bao You Xiang)

UWSP က ၂၀၀၈ ဖွဲ့စည်းပုံအရ ပြဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝတိုင်း၏ မြို့နယ် ၆-ခုကို စီမံအုပ်ချုပ်နေ သည်။ ဤဒေသ၏ တရားဝင်အမည်ကို အမိန့်ကြေညာစာဖြင့် ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေ ညာ ခဲ့သည်။ UWSP က အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် အစိုးရ၏ တောင်းဆိုချက်ကို ၂၀၀၉ ခုနှစ်တွင် ငြင်းဆန်ခဲ့သည်။ UWSP က တရုတ်နိုင်ငံနှင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ နီးကပ်သောဆက်ဆံရေး ရှိသည်။ ထို့အပြင် တရုတ်စာကိုလည်း အဖွဲ့အစည်း၏ တရားဝင် ရုံးသုံးစာအဖြစ် အသုံးပြုနေသည်။

UWSP ၏ လက်နက်ကိုင်တပ်သည် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဖြစ်ပြီး၊ ခန့်မှန်းအင်အား ၃၀,၀၀၀ နှင့် အရံပြည်သူ့စစ်အင်အား ၁၀,၀၀၀ ခန့် ရှိသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များတွင် အင်အားအကြီးဆုံးဖြစ်ပြီး၊ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး အမ်ဖီတမင်းများ ကုန်သွယ်ရောင်းဝယ်မှုတွင် အဓိကပတ်သက် နေသည့် အဖွဲ့ဟုလည်း သတင်းများက ဆိုကြသည်။ သို့သော်လည်း UWSA ထိန်းချုပ်ရာဒေသများကို မူးယစ်ဆေး ကင်းစင်ဇုန် အဖြစ် ကြေညာထားသည်။ ယင်းအဖွဲ့က အင်အားကြီးမားသည့် စီးပွားရေးကုမ္ပဏီအုပ်စု ဖြစ်သော သော် တာဝင်းကုမ္ပဏီကို (ယခင်က ဟုန်ပန်း အုပ်စုဟု ခေါ်သည်။) ပိုင်ဆိုင်ထားသည်။ မူလက ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ၏ အဖွဲ့ဝင်များအဖြစ် စတင်စုစည်းခဲ့ခြင်း ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီးနောက်ပိုင်းတွင် UWSP ကို ထူ ထောင်ခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ UWSP/UWSA က ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်များဖြင့် ဖွဲ့စည်းထားသည်။
UWSA တပ်က ထိုင်း-မြန်မာနယ်စပ်တွင် တပ်မ ၅-ခု နှင့် တရုတ်မြန်မာနယ်စပ်တွင် တပ်မ ၃ ခု ရှိသည်။

ထိုင်း-မြန်မာနယ်စပ်တွင်-

၁။ ရ၇၈ တပ်မ
၂။ ရ၇၂ တပ်မ
၃။ ရ၇၅ တပ်မ
၄။ ၂၄၈ တပ်မ
၅။ ၅၁၆ တပ်မ

တရုတ်-မြန်မာနယ်စပ်တွင်-

၁။ ၃၁၈ တပ်မ
၂။ ၄၁၈ တပ်မ
၃။ ၄၆၈ တပ်မများ ရှိနေသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ-

ဥက္ကဋ္ဌ - ပေါက်ယူချန်း
ဒု-ဥက္ကဋ္ဌ - ရှောက်မင်းလျှံ (Xiao Mingliang a.k.a. Shauk Min Lyan)
စစ်ဦးစီးချုပ် - ပေါက်ယူချန်း
ဒု-ဦးစီးချုပ် - ကျောက် ကျုံးတန်း (Zhao Zhingdang)
ပြောရေးဆိုခွင့်ရှိသူ - ဦးအောင်မြင့်
ပြင်ပဆက်ဆံရေး တာဝန်ခံ - ကျောက် ကော်အန်း (Zhao Guo-ann)
ပြင်ပ ဆက်ဆံရေး ဒု-တာဝန်ခံ - ဆမ်ခွန်
တရားသူကြီးချုပ် - လီ ကျောက်ကော် (Li Zhao Guo)
ဘဏ္ဍာရေးနှင့် စီးပွားရေးတာဝန်ခံ - ပေါက်ယူလျန် (Bao You Liang)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အသစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- စက်တင်ဘာလ ၆ ရက်၊ ၂၀၁၁ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ပထမဦးဆုံး သဘောတူညီသည့်အဖွဲ့ ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၁၁ ခုနှစ်)
ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- မေလ ၉ ရက်၊ ၁၉၈၉ ခုနှစ်။

၂၀၀၉ ခုနှစ်မှစ၍ မြန်မာအစိုးရစစ်တပ်နှင့် ရံဖန်ရံခါဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ နှစ်ဖက်စလုံးမှ ထိတွေ့ တိုက်ပွဲများကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေ။

အပစ်ရပ်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှု- မရှိပါ။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- မသိရပါ။

ဆက်ဆံရေး ရုံးများ

၁။ လားရှိုး
၂။ တန့်ယန်း
၃။ ကျိုင်းတုံ
၄။ တာချီလိတ်
၅။ တောင်ကြီး
၆။ မန္တလေး
၇။ ရန်ကုန်

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 985 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « NMSP SSPP »