To subscribe our Peace Info (News PI), please enter your email here!

Restoration Council of Shan State/ Shan State Army rcss
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ

သျှမ်းပြည်တပ်မတော် (တောင်ပိုင်း)
http://www.rcssanc.org
http://www/taifreedom.com
အစိုးရက ခေါ်ဆိုသည့် အမည်- သျှမ်းပြည်တပ်မတော်
(တောင်ပိုင်း)

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၁၉၆၄/၁၉၉၆ ခုနှစ်။
ဌာနချုပ်- ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်တိုင်းလန်း ဒေသ
လှုပ်ရှားဒေသ- ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ်
တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊
မောက်မယ်၊ မိုုင်းကောင်း၊ နမ့်ဆမ် ဒေသများ။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်း ဒေသများ။
ခန့်မှန်းအင်အား- ၆, ၀၀၀+
ခေါင်းဆောင်- ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်။

SSA-S ကို သျှမ်းပြည် ညီညွတ်သော တော်လှန်ရေး တပ်မတော် (SURA) မှ ဒုဗိုလ်ချုပ်ကြီးယွတ်စစ်က ဖွဲ့စည်းခဲ့သည်။ ပင်မ SSA (ယခုအခါ SSA-N ဟုလည်း ခေါ်သည်) က မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုသွားသည်ကို သူ တို့က ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသည်။ SURA သည် မူးယစ်ရာဇာ ခွန်ဆာဦးဆောင်သည့် မုန်တိုင်းတပ်မတော် (MTA) မှ ခွဲထွက်လာသည့် အုပ်စုဖြစ်ပြီး၊ မူလက သျှမ်းပြည်တပ်မတော်မှ ဖြစ်သည်။

ဆက်နွယ်နေမှုများ- ဗမာပြည်ကွန်မြူနစ်ပါတီ (BCP)၊ သျှမ်းပြည် ညီညွတ်သော တော်လှန်ရေး တပ်မတော် (SURA)၊ မုန်တိုင်းတပ်မတော် (MTA)။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပသည်။ ၂၀၁၄ တွင် ဖေဖေါ်ဝါရီလတွင် ဒုဗိုလ်ချုပ်ကြီးယွတ်စစ် ပင် နောက်ထပ် ၄-နှစ်သက်တမ်းအတွက် RCSS ဥက္ကဋ္ဌအဖြစ် ပြန်၍ အရွေးချယ်ခံရသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ၁၁ ဦး-

ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ် - ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်
ဒု-ဥက္ကဋ္ဌ ၁ - ဗိုလ်ချုပ် စိုင်းယီ
ဒု-ဥက္ကဋ္ဌ ၂ - ဗိုလ်မှူးကြီး ခေးငိန်း (Kherh Ngeun)
အထွေထွေအတွင်းရေးမှူး - ဒု-ဗိုလ်မှူးကြီး စီရိ (Siri)
ပြောခွင့်ရပုဂ္ဂိုလ် - ဗိုလ်မှူးကြီး စိုင်းလ
အရပ်ဖက်အုပ်ချုပ်ရေးအကြီးအကဲနှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် - ဗိုလ်မှူးချုပ် ပေါင်းခေး (Pawng Kherh)
အရှေ့ပိုင်း စစ်ဌာနချုပ် တပ်မှူး - ဗိုလ်ချုပ် ကွမ်းဇိန်း (Gawn Zeun)

* RCSS သည် ရှမ်းပြည် ညီညွတ်ရေးကော်မီတီ (CSSU) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ CSSU ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ CSSU ၏ အဖွဲ့ဝင်များအဖြစ် သျှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ (RCSS)၊ သျှမ်းပြည်နယ် ပူးတွဲလှုပ်ရှားရေး ကော်မီတီ (SSJAC- SNLD နှင့် SSPP တို့၏ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။)
ရှမ်းအမျိုးသား ဒီမိုကရေစီ ပါတီ (SNDP) နှင့် အခြား လူမှုအဖွဲ့အစည်း ၁၃ ခုတို့ ပါဝင်ကြသည်။)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အသစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၁ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၄-ခုမြောက် အဖွဲ့ ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်)
အပစ်ရပ်စဲပြီးနောက် တိုက်ပွဲများ- ၂၀၁၂ - (၆၈ ကြိမ်)၊ ၂၀၁၃ - (၇၆ ကြိမ်)

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့-
ဗိုလ်မှူးချုပ် ပေါင်းခေး (Pawng Kherh)- အဓိက ဦးဆောင်ဆွေးနွေးသူ

ဆက်ဆံရေးရုံးများ

၁။ တောင်ကြီး (၂၂-၂-၂၀၁၂)
၂။ ကျိုင်းတုံ (၂၂-၂-၂၀၁၂)
၃။ တာချီလိတ် (၂၉-၂-၂၀၁၂)
၄။ မိုင်းတုံ (၂၉-၂-၂၀၁၂)
၅။ ခိုလမ် (၂၁-၃-၂၀၁၂)
၆။ မူဆယ် (စီးပွားရေး ဆက်ဆံရေးရုံး)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1037 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « KNU KNPP »