To subscribe our Peace Info (News PI), please enter your email here!

Shan State Progress Party/Shan State Army sspp
သျှမ်းပြည် တိုးတက်ရေးပါတီ

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း)
အစိုးရကခေါ်ဆိုသည့် အမည်- ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ-၃

unfc UNFC အဖွဲ့ဝင် ဖြစ်သည်။
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၁၉၆၄/၁၉၈၉ ခုနှစ်။
ဌာနချုပ်- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်
အခြေစိုက်သည်။
လှုပ်ရှားဒေသ- ရှမ်းပြည်နယ်ရှိ နမ့်ခမ်း၊ လန်ခို၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊
တန့်ယန်း၊ မုန်းယိုင်၊ ကျေးသီး၊ လားရှိုး မြို့နယ်များ။
ခန့်မှန်းအင်အား- ၄,၀၀၀+
ခေါင်းဆောင်- ဒုဗိုလ်ချုပ်ကြီး ပန်ဖ။

ရှမ်းတော်လှန်ရေးကို မေလ ၂၁ ရက်နေ့ ၁၉၅၈ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၆၀ ခုနှစ် ဧပြီလ တွင် ရှမ်းပြည် လွတ် မြောက်ရေး တပ်မတော် (SSIA) ကို ဖွဲ့စည်း ခဲ့ကြသည်။ ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် (SSA)ကို မဟာဒေဝီ စဝ်နန်းဟိန်ခမ်း မှ ဦးဆောင် ဖွဲ့စည်းခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ ယင်းတပ်ဖွဲ့ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းရန် ၂၀၁၀ တွင် ဖိအားပေး ခံရသည်။ ဖိအားပေးမှုအပေါ် တပ်မဟာ ၃ နှင့် ရ တို့ကလက်ခံခဲ့ကြပြီး၊ ဒုဗိုလ်ချုပ်ကြီး ပန်ဖ ဦးဆောင် သည့် တပ်မဟာ ၁ က ငြင်းပယ်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ-

အထွေထွေအတွင်းရေးမှူး - စဝ် ခွန်ဆိုင်း
                                   စဝ် ခေးတိုင်း
အတွင်းရေးမှူး-၁ - စဝ်ခမ်းတီး
ပြောရေးဆိုခွင့်ရှိသူ - စဝ် စိုင်းလ
အဖွဲ့ဝင် - စဝ် နော်လိက်။ စဝ်စိုင်းဘထွန်း။
ဗဟိုကော်မီတီဝင် -၃၁ ဦး။
စစ်ဦးစီးချုပ်- စဝ်ပန်ဖ
* စဝ်စိုင်းဘထွန်းသည် NCCT အဖွဲ့ဝင် ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အသစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ရ-ခုမြောက် အဖွဲ့ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်)
ယခင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်- စက်တင်ဘာလ ၂ ရက်၊ ၁၉၈၉ ခုနှစ်။

အပစ်ရပ်စဲပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှု- ၂၀၁၂ ခုနှစ် (၁၃၀ ကြိမ်)၊ ၂၀၁၃ ခုနှစ် (၇၁ ကြိမ်)

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- အလှည့်ကျ ဖြစ်သည်။

ဆက်ဆံရေးရုံးများ

၁။ လားရှိုး (ဖွင့်ပြီး၊ တာဝန်ခံ- ကိုလတ်)
၂။ တောင်ကြီး (ဖွင့်ပြီး၊ တာဝန်ခံ- စိုင်းကျော်ဇော)
၃။ ခိုလမ် (ဖွင့်ပြီး၊ တာဝန်ခံ- စိုင်းကျော်လွင်)
၄။ မူဆယ် (မဖွင့်ရသေး)
၅။ တာချီလိတ် (အတည်မပြုနိုင်)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1063 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « UWSP CNF »