To subscribe our Peace Info (News PI), please enter your email here!

Arakan Liberation Party alp
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ

http://www.arakanalp.com

လက်နက်ကိုင်တပ်ဖွဲ့ - ရခိုင် လွတ်မြောက်ရေး တပ်မတော် (ALA)
အစိုးရကခေါ်သော အမည် - ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (RSLP)

unfc UNFC အဖွဲ့ဝင် ဖြစ်သည်။ (ANC အမည်အောက်တွင်)
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။ (ANC အမည်အောက်တွင်)
အကျဉ်းချုပ်  
တည်ထောင်သည့် ရက်စွဲ- ဧပြီလ ၉ ရက်၊ ၁၉၆၇ ခုနှစ်။ ၁၉၇၃ ခုနှစ်၊ ၁၉၈၁ ခုနှစ်။
ဌာနချုပ်- ဌာနချုပ်ကို အိန္ဒိယနယ်စပ်တွင် ထားရှိသည်။
လှုပ်ရှားဒေသ- ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်အတွင်း။
ခန့်မှန်းအင်အား- ၆၀- ၁၀၀ (ပါတီအဖွဲ့ဝင် ၂, ၀၀၀ ခန့်)
ခေါင်းဆောင်- ဦးခိုင်ရဲခိုင် (ဥက္ကဋ္ဌ)
ဦးခိုင်စိုးနိုင်အောင် (ဒု-ဥက္ကဋ္ဌ)
ဦးခိုင်သုခ (အတွင်းရေးမှူး)

 

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ပြည်သူတို့ လွတ်မြောက်ရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အတွက် တောင်းဆိုလှုပ်ရှားနေသည်။ ဌာနချုပ်ကို ရခိုင်ပြည်နယ်အနီး အိန္ဒိယနိုင်ငံ နယ်စပ်တွင် အခြေပြုထားသည်။ ALP ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) သည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့တွင် မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်လျက်ရှိသည်။

ALP/ALA တွင် စစ်စခန်း ၄-ခု ရှိသည်။ တပ်ရင်း အမှတ် ၉ (ဘင်္ဂလားဒေ့ရှ် နယ်စပ်)၊ ဓညဝတီတပ်ရင်း နှင့် ရခိုင် ရိန်းဂျားတပ် (အိန္ဒိယနယ်စပ်)၊ ရမ္မာဝတီတပ်ရင်း (ကရင်ပြည်နယ်)။

ALP ဌာနခွဲများ။ မဲဆောက် (ထိုင်းနိုင်ငံ)၊ ဒက္ကာ (ဘင်္ဂလားဒေ့ရှ်)၊ နယူးဒေလီနှင့် ဂူဝါဟတီ (အိန္ဒိယနိုင်ငံ)၊ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စု ဌာနခွဲများ။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ-

ဦးခိုင်ရဲခိုင်
ဦးခိုင်စိုးနိုင်အောင်
ဦးခိုင်သုခ
ဦးခိုင်ထွန်းလင်း
ဒေါ်စောမြရာဇာလင်း

စစ်ရေးခေါင်းဆောင်များ-

ဦးစီးချုပ် - ခိုင်ရဲခိုင်
ဒု-ဗိုလ်မှူးကြီး ကျော်စိုးနိုင်
ဗိုလ်မှူး ခိုင်မျိုးဝင်း
ဗိုလ်မှူး ခိုင်ဘုန်းမြတ်ဇော် (ရမ္မာဝတီ တပ်ရင်းမှူး)
* ဒေါ်စောမြရာဇာလင်းသည် NCCT အဖွဲ့ဝင် ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး အသစ်ဆွေးနွေးမှု - ဧပြီလ ၅ ရက်၊ ၂၀၁၂ ခုနှစ်။
မြန်မာအစိုးရသစ်နှင့် ၁၁ ဖွဲ့မြောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တို်င်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
အဆင့် ၁- ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
တိုက်ပွဲများ- မရှိပါ။

တရားဝင် ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- တွဲဖက် အတွင်းရေးမှူး- ခိုင်သုခ

ဆက်ဆံရေးရုံးများ

ကျောက်တော်၊ ရခိုင်ပြည်နယ် ၃၊ ၉၊ ၂၀၁၂ ခုနှစ်။
ပလက်ဝ၊ ချင်းပြည်နယ် - ဆိုင်းငံ့ထားသည်။
* ဆက်ဆံရေးရုံးဖွင့်ရန် အဆိုပြုထားသည့် နေရာများ။ စစ်တွေ၊ ကျောက်ဖြူ (ဆက်ဆံရေးရုံး ဖွင့်ရန် လျာထားသည်)။ မောင်းတော၊ ရန်ကုန်နှင့် မြဝတီမြို့ (စီးပွားရေးရုံး)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1118 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « TNLA ABSDF »