To subscribe our Peace Info (News PI), please enter your email here!

မွန်ပြည်သစ်ပါတီ nmsp
New Mon State Party

လက်နက်ကိုင်တပ်ဖွဲ့- မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA)
http://www.nmsp.info/

unfc UNFC အဖွဲ့ဝင် ဖြစ်သည်။
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့်နေ့စွဲ- ၁၉၅၈ ခုနှစ်။ ဇူလိုင်လ။
ဌာနချုပ်- ရေးချောင်းဖျား၊ မွန်ပြည်နယ်။
လှုပ်ရှားဒေသ- သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူ၊ မြိတ်-ထားဝယ်၊ ကျိုက်မရော မြို့နယ်များ။
ခန့်မှန်းအင်အား- ၈၀၀+ (အရံအင်အား ၂, ၀၀၀ ခန့်ရှိသည်။)
ခေါင်းဆောင်- နိုင်ထောမွန်

မွန်ခွဲထွက်ရေး လိုလားသူများက မွန်ပြည်သူ့တပ်ဦး (MPF) ကို ထူထောင်ခဲ့ကြသည်။ ဤအဖွဲ့ကို နောက်ပိုင်းတွင် ပြန် လည် စုဖွဲ့၍ မွန်ပြည်သစ်ပါတီ (NMSP) ဟု ခေါ်တွင်ခဲ့သည်။ ၁၉၄၉ ခုနှစ်မှစ၍ မွန်ပြည်နယ်၏ အရှေ့ပိုင်း တောင်တန်း ဒေသများနှင့် တနင်္သာရီတိုင်း၏ အချို့သောဒေသများတွင် မွန်ပြည်သစ်ပါတီက ထိန်းချုပ်လှုပ်ရှားနေခဲ့သည်။ ၁၉၉၅ ခု နှစ်တွင်၊ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီနိုင်ခဲ့သည်။

မွန်ပြည်သစ်ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ၂၀၀၈ ခုနှစ်ထိတိုင် အမျိုးသားညီလာခံအတွင်းမှ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နယ်ခြားစောင့်တပ်ဖွဲ့ရန် အစိုးရက တောင်းဆိုမှုအပေါ် ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ် ဧပြီလနောက်ပိုင်းတွင် စစ်အစိုးရနှင့် ဆက်ဆံရေးပြတ်တောက် သွားခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်သည်အထိ အခြေအနေ မဆိုရွားသွားခဲ့ပေ။ ယမန်နှစ်က ဆွေးနွေးမှုများမှစတင်၍ နောက်ထပ်အသစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီနိုင်ခဲ့သည်။ ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှင့် အစိုးရထံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ၂၀၁၂ ခုနှစ် မတိုင်မီတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပါမည်ဟူသည့် ကတိကဝတ်ကို ရရှိနိုင်ခဲ့သည်။ ထိုအခါ ပြည်ထောင်စု အဆင့်တွင် အင်အားစုအားလုံး ပါဝင်သည့် နိုင်ငံရေးစေ့စပ် ဆွေးနွေးမှုများ စတင်နိုင်မည် ဖြစ်သည်။

မူလတွင် မြန်မာစစ်တပ်က ဤအုပ်စုကို မွန်ပြည်နယ်အတွင်း စစ်စခန်း ၁၂ ခု သတ်မှတ်၍ ထိန်းချုပ်မှုအခွင့်အရေး တစုံ တရာ ပေးခဲ့သေးသည်။ အထူးသဖြင့် ရေးမြစ်တလျှောက်ရှိ စခန်းများနှင့် သထုံခရိုင်မြောက်ပိုင်းတွင် တစ်ခု၊ မော်လမြိုင် ခရိုင်အတွင်း တစ်ခု ဖြစ်သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်း ၁၇ ခုကိုလည်း ပြုလုပ်ခွင့်ပေးခဲ့သေးသည်။ ဥပမာအားဖြင့် သစ်ထုတ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ပြည်တွင်းပို့ဆောင်ရေးနှင့် ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများအပြင် မလေးရှား နှင့် စင်္ကာပူရှိ ကုမ္ပဏီများနှင့်လည်း ကုန်သွယ်ရေး သဘောတူညီမှုများ စသည်တို့ကို ခွင့်ပြုပေးခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်တွင် ဒုက္ခသည်စခန်း ၃-ခု တည်ထောင်ထားခြင်းကိုလည်း မြန်မာအစိုးရက အသိအမှတ်ပြုထား သည်။ ဤစခန်းများကို ဟလော့ခနီ၊ ဘီးရီး နှင့် ထားဝယ်တို့တွင် အခြေပြုထားသည်။ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မီတီ (MRDC) က ရန်ပုံငွေ ရှာဖွေထောက်ပံ့နေပြီး၊ ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်များဆိုင်ရာ ကူညီပံ့ပိုးရေး အဖွဲ့ကြီး (TBBC) က နယ်စပ် ဖြတ်ကျော်၍ ကူညီထောက်ပံ့ပေးနေသည်။ ယခုအခါ နယ်စပ်တလျှောက် ကူညီထောက် ပံ့ရေးအသင်း (TBC) ဟု အမည် ပြောင်းလဲခဲ့သည်။

မူလတွင် မြန်မာစစ်တပ်က မွန်ပြည်သစ်ပါတီကို ကျပ် ၄ သန်း (အမေရိကန်ဒေါ်လာ ၃၅၀၀ ခန့်) လစဉ် စီးပွားရေးအကူ အညီအဖြစ် ထောက်ပံ့ရန် သဘောတူညီထားခဲ့သည်။ ထိုအခါ နိုင်ငံရေးအဖွဲ့အနေဖြင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ၂၀၀၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီက အမျိုးသားညီလာခံကို သပိတ်မှောက်ပြီး နောက်ပိုင်း ဖြတ်တောက်လိုက်သည်။ ကျန်စီးပွားရေးလုပ်ပိုင်ခွင့်များလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။ ဥပမာအားဖြင့်- အမြတ်အစွန်း ကြီးသည့် သစ်ထုတ်လုပ်ငန်းကို ၁၉၉၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီက NLD ကို ထောက်ခံထားသည့် မဲသရောထ ထုတ်ပြန်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည့်အတွက်ကြောင့် ရပ်ဆိုင်းခဲ့သည်။

မွန်ပြည်သစ်ပါတီက KNU နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေပြီး၊ တိုင်းရင်းသား တပ်ပေါင်းစုအတော်များများတွင်လည်း အဖွဲ့ဝင် ဖြစ်သည်။ ၎င်းတို့မှာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် မဟာ မိတ်များအဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တို့ ဖြစ်သည်။ DAB နှင့် NCUB တို့တွင် ဒီမိုက ရေစီ အုပ်စုများလည်း ပါဝင်ဖွဲ့စည်းထားသည်။

၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ (မွန်တော်လှန်ရေးနေ့) တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အမှုဆောင်ကော်မီတီဝင်များ ၂၇ ဦး-

ဥက္ကဋ္ဌ - နိုင်ထောမွန်
ဒု-ဥက္ကဋ္ဌ - နိုင်ဟံသာ (ခေါ်) နိုင်ဟောင်းဆာ
အထွေထွေအတွင်းရေးမှူး - နိုင်အောင်မင်း
တွဲဖက်-အတွင်းရေးမှူး (၁) - ဗိုလ်ချုပ် ကျော်ရွဲ့
အဖွဲ့ဝင် - နိုင်တလညီ
အဖွဲ့ဝင် - ဒု ဗိုလ်မှူးကြီး အမ် စိုက်ချန်း (မော်လမြိုင်ရုံး တာဝန်ခံ)
အဖွဲ့ဝင် - ဗိုလ်မှူးကြည်စန်း (မော်လမြိုင် ဆက်ဆံရေးရုံး တာဝန်ခံ)

ဗဟို စစ်ကော်မရှင် ရ ဦး

စစ်ဦးစီးချုပ် - ဗိုလ်မှူးချုပ် လယီဂကောင်း
ဒု-စစ်ဦးစီးချုပ် - ဗိုလ်မှူးကြီး ဗညားမဲ့စန်း
အဖွဲ့ဝင် - ဒု-ဗိုလ်မှူးကြီး ဟံသာ
အဖွဲ့ဝင် - ဒု-ဗိုလ်မှူးကြီးစံအေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး အသစ် သဘောတူညီချက်- ဖေဖေါ်ဝါရီလ ၁ ရက်၊ ၂၀၁၂ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၈-ခုမြောက် အဖွဲ့ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
နယ်ခြားစောင့်တပ် အစီအစဉ်ကို ငြင်းပယ်မှု- ဧပြီလ၊ ၂၀၁၀ ခုနှစ်။
အပစ်အခတ် ရပ်စဲရေးပြီးနောက် တိုက်ပွဲဖြစ်ပွားမှု- ၂ကြိမ်
ဒုက္ခသည် စခန်း- ဘန့်ဒုံယန်း (ထိုင်းနိုင်ငံတွင်း)
ပြည်တွင်း ဒုက္ခသည်စခန်းများ- ဟလော့ခနီး၊ ဘလိုက်ဒွန်ဖစ်၊ ချိုင်းတိုက်၊ ပနန်းပိန် (မြန်မာနိုင်ငံတွင်း)

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့-

နိုင်ငံပြင်ပတွင် တရားဝင် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့။ နိုင်ဟံသာ၊ နိုင်တလညီ၊ နိုင်ဟွန်ဆာဘွန်ထိုင်း။

နိုင်ငံတွင်းတွင် တရားဝင် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့- နိုင်ထောမွန်၊ နိုင်တလညီ၊ ဗိုလ်ချုပ်ဇေယျ၊ နိုင်အောင်မင်း (အထွေထွေ အတွင်းရေးမှူး) နှင့် ဗိုလ်မှူးချုပ် လယီဂကောင်း။

ဆက်ဆံရေးရုံးများ

မွန်ပြည်သစ်ပါတီက (နဝတ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်၊ ဆက်ဆံ ရေး ရုံးများ ဖွင့်လှစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း၊ ရုံးအားလုံး ပိတ်လိုက်ရသည်။ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၆ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်အသစ် ရေးထိုးပြီးနောက်တစ်နေ့တွင် ဆက်ဆံရေးရုံးများအားလုံး ပြန်၍ ဖွင့်ခဲ့သည်။

၁။ မော်လမြိုင် *
၂။ မုဒုံ
၃။ သံဖြူဇရပ်
၄။ ရေး
၅။ ရေဖြူ (ရားဖူးကျေးရွာ)
၆။ ဘုရားသုံးဆူ *
၇။ ကျိုက်မရော
၈။ ဇင်းကျိုက် (ပေါင်မြို့နယ်)
၉။ မြိတ်
၁၀။ မြဝတီ *
* စီးပွားရေးရုံးများ ဖြစ်သည်။

မွန်ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ကြီးကြပ် ရေး ဆွေးနွေးပွဲသင်တန်းကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ရ ရက်နေ့တွင် ကျင်းပပြီးနောက် မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး စောင့်ကြည့် ကြီးကြပ်ရန်အတွက် အဖွဲ့ဝင် ၁၅ ဦးကို ရွေးချယ်ခဲ့ပါသည်။

မွန်ပြည်နယ်အစိုးရမှ လူမှုရေးဝန်ကြီးနှင့် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး၊ ကရင်ပြည်နယ်မှ မွန်ရေးရာဝန်ကြီး၊ နိုင်ငံရေး သမားများ၊ မွန်ပြည်နယ်မှ လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လူငယ်အုပ်စု များမှ ကိုယ်စားလှယ် ၁၂၀ ခန့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1062 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « KNPP UWSP »