To subscribe our Peace Info (News PI), please enter your email here!

All Burma Students' Democratic Front absdf
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး

http://absdf8888.org/profile

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- နိုဝင်ဘာလ ၁ ရက်၊ ၁၉၈၈ ခုနှစ်
ဌာနချုပ်-                  ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ဒေသတွင် ထားရှိသည်။
လှုပ်ရှားဒေသ-         ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)
ထိန်းချုပ်ရာဒေသ-
ခန့်မှန်းအင်အား-    ၆၀၀ + (ကချင်ဒေသတွင် ၂၀၀ ခန့် ရှိသည်။)
ခေါင်းဆောင်-         ဦးသံခဲ (ဥက္ကဋ္ဌ)
                                 ဦးမျိုးဝင်း (ဒု-ဥက္ကဋ္ဌ)
                                 ဦးဆန်နီ မဟိန္ဒာ (အထွေထွေ အတွင်းရေးမှူး)

ABSDF သည် ၁၉၈၈ ခုနှစ်၊ အရေးတော်ပုံနောက်ပိုင်း ထူထောင်ခဲ့သည့် ကျောင်းသားတပ်မတော်ပင် ဖြစ်သည်။ ၎င်းတို့ ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိစေရန်အတွက် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်ရန် ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် စခန်း ရ-ခုနှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် စခန်း ၃-ခု၊ တရုတ်-မြန်မာနယ်စပ်တွင် စခန်း ၃-ခု တည်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေလျတို့တွင် နိုင်ငံခြားဌာနခွဲများ တည်ရှိသည်။

တွေ့ဆုံဆွေးနွေးရေး ဦးတည်ချက်-

၁။ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး
၂။ အင်အားစု အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး
၃။ ဒီမိုကရေစီ အပြောင်းအလဲတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးကို အာမခံသည့် ဖွံ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်စေရေး။

လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်များ-

၁။ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လေ့လာရန်
၂။ ABSDF ၏ အနာဂတ်နိုင်ငံရေးအတွက် ပြည်သူလူထု၏ ထင်မြင်ချက်များကို စုဆောင်းရန်။
၃။ ABSDF ယခင် တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိသားစုဝင်များကို တွေ့ဆုံရန်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်- ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသော ၁၄ ခုမြောက် အဖွဲ့ ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု။ (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်)
အပစ်အခတ် ရပ်စဲပြီးနောက် တိုက်ပွဲများ - မသိရှိရပါ။
တရားဝင် ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- အလှည့်ကျ ရှိသည်။

ဆက်ဆံရေးရုံးများ

၁။ မြဝတီ
၂။ မူဆယ်
၃။ လွိုင်ကော်
ကလေး၊ ဘုရားသုံးဆူ နှင့် မြိတ်မြို့များတွင် ရုံးဖွင့်ရန် အဆိုပြုထားသည်။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 987 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « ALP