To subscribe our Peace Info (News PI), please enter your email here!

Pa-Oh National Liberation Organization pnlo
ပအို့ဝ် အမျိုသား လွတ်မြောက်ရေးအဖွဲ့

လက်နက်ကိုင်တပ်ဖွဲ့- ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးတပ်မတော်

အင်တာနက်စာမျက်နှာ- www.pnlo.org
ဆက်သွယ်ရန်- This email address is being protected from spambots. You need JavaScript enabled to view it.

unfc UNFC အဖွဲ့ဝင် ဖြစ်သည်။
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၂၀၀၉ ခုနှစ်။
ဌာနချုပ်- ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုမုန်းရှိ လေဗွားစခန်း။
လှုပ်ရှားဒေသ- ရှမ်းပြည်နယ်ရှိ ဆီဆိုင်၊ ဟိုပုန်း၊ နမ့်ဆမ်၊ လင်းခေး၊ မောက်မယ်ဒေသများ။
ခန့်မှန်းအင်အား- ၄၀၀+
ခေါင်းဆောင်- ခွန်မြင့်ထွန်း

PNLO ကို ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (PPLO) နှင့် ယခင် PNLO ခေါင်းဆောင်များ ပေါင်းစည်းထူထောင် ကြခြင်း ဖြစ်သည်။ PPLO အဖွဲ့ကို ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဦးဆောင်၍ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင်၊ မိခင် အဖွဲ့အစည်းဖြစ်သော ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအို့အမျိုးသား အဖွဲ့ချုပ် (PNO) က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်၊ လက်နက်ကိုင် တော်လှန်ရေး ဆက်လက်လုပ်ဆောင်ရန်အတွက် ထူထောင်ခဲ့ သည်။ ယခင် PNLO မှာ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက်လာခဲ့သည့် အဖွဲ့ ဖြစ်ပြီး ဗိုလ်မှူးချုပ် ခွန် တီဆောင်က ဦးဆောင်သည်။ ယင်း PNLO အဖွဲ့ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ထူ ထောင်ခဲ့သည်။

ယင်း ၂-ဖွဲ့ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ရ-၉ ရက်နေ့များတွင် ကျင်းပသော ပအို့ဝ်အမျိုးသား ညီလာခံတွင် တရားဝင် ပေါင်းစည်းမိပြီး၊ ဖွဲ့စည်းပုံအသစ်ဖြင့် PNLO/PNLA ကို ဖွဲ့စည်းကြသည်။ PNLO အဖွဲ့ ဖွဲ့စည်းပုံဥပဒေကိုလည်း ရေးဆွဲခဲ့ ကြသည်။ တက်ရောက်သူများထဲတွင် ပအို့ဝ် လူငယ်အဖွဲ့၊ ပအို့ဝ် အလုပ်သမားသမဂ္ဂ၊ ဦးခွန်မြင့်ထွန်း (၁၉၉၀ ရွေး ကောက်ပွဲတွင် သထုံမြို့နယ်မှ လွှတ်တော်အမတ်) စသည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြ သည်။ NCUB နှင့် PDC မှ ခွန်တင်ဆွေလည်း တသီးပုဂ္ဂလ တက်ရောက်သည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ကြပြီး၊ ဗိုလ်မှူးချုပ် ခွန်တီဆောင်မှာ ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ ညီလာခံက PNLO အမည်ကို ရွေးချယ်ခဲ့ သည်။ အကြောင်းမှာ "တတိယတော်လှန်ရေး"အတွက် PNLO ၏ စွမ်းဆောင်ကြိုးပမ်းမှုများကို အသိအမှတ်ပြုလိုသော ကြောင့် ဖြစ်သည်။

ပထမအကြိမ် PNLO ကွန်ဂရက်ကို လေဗွားစစ်စခန်းတွင် ၂၀၁၃ ခုနှစ်၊ မေလ ၁၆ မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ ဗဟိုကော်မီတီ အသစ်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ယင်းကော်မီတီတွင် ခွန်မြင့်ထွန်းက ဥက္ကဋ္ဌ ဖြစ်လာသည်။ ယခင်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗိုလ်မှူးချုပ် ခွန်တီဆောင်တို့မှာ နာယကများအဖြစ် တင်မြှောက် ခဲ့ကြသည်။

လက်ရှိ PNLO ၏ ဌာနချုပ်မှာ မဲဟောင်ဆောင် (ထိုင်းနိုင်ငံ) နှင့် ကပ်လျှက် နယ်စပ်တွင် တည်ရှိသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ-

နာယက - ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ဗိုလ်မှူးချုပ် ခွန်တီဆောင်။ ခွန်တက်လူ။
ဥက္ကဋ္ဌ - ခွန်မြင့်ထွန်း
ဒု-ဥက္ကဋ္ဌ - ဗိုလ်မှူးကြီး ခွန်သူရိန်
အထွေထွေအတွင်းရေးမှူး - ဗိုလ်မှူးကြီး အောင်ကျော်။
တွဲဖက်-အထွေထွေအတွင်းရေးမှူး-၁ - ခွန်သောမတ်စ်
တွဲဖက်-အထွေထွေ အတွင်းရေးမှူး-၂ - နန်းနွယ်နွယ်
CEC အဖွဲ့ဝင် - ခွန်တင်ရွှေဦး
CEC အဖွဲ့ဝင် - ဒု-ဗိုလ်မှူးကြီး ခွန်အုန်းမောင်
CC အဖွဲ့ဝင် - ခွန်ထွန်းတင်
CC အဖွဲ့ဝင် - ဒု-ဗိုလ်မှူးကြီး ခွန်ကျော်ထင်
CC အဖွဲ့ဝင် - ဒု-ဗိုလ်မှူးကြီး ခွန်ဆွေထို
CC အဖွဲ့ဝင် - နန်းဖြူပြာ
စစ်ဦးစီးချုပ် - ဗိုလ်မှူးကြီး ခွန်သူရိန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အသစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- သြဂုတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၁၃-ခုမြောက် အဖွဲ့ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ (မတ်လ ၂၃၊ ၂၀၁၃ ခုနှစ်)
အပစ်ရပ်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှု- မရှိပါ။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့
(PNLO ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့
ပြည်နယ်အဆင့် ကိုယ်စားလှယ် ရ ဦး)

၁။ ခေါင်းဆောင်။ ခွန်မြင့်ထွန်း
၂။ ဒု-ခေါင်းဆောင်။ ဗိုလ်မှူးကြီး ခွန်သူရိန်
၃။ ဗိုလ်မှူးချုပ် ခွန်တီဆောင် (အဖွဲ့ဝင်)
၄။ ဒု-ဗိုလ်မှူးကြီး ခွန်ကျော်ထင် (အဖွဲ့ဝင်)
၅။ ခွန်အို (အဖွဲ့ဝင်)
၆။ ခွန်ထွန်းတင် (အဖွဲ့ဝင်)
၇။ ဒု-ဗိုလ်မှူးကြီး ခွန်ဆွေထို (အဖွဲ့ဝင်)
ပြည်ထောင်စုအဆင့် ကိုယ်စားလှယ် ၁၂ ဦး
၁။ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ
၂။ ဒု-ခေါင်းဆောင်။ ခွန်မြင့်ထွန်း
၃။ ဗိုလ်မှူးကြီး ခွန်သူရိန် (အဖွဲ့ဝင်)
၄။ ဗိုလ်မှူးကြီး အောင်ကျော် (အဖွဲ့ဝင်)
၅။ ခွန်ဦး (အဖွဲ့ဝင်)
၆။ ခွန်တင်ရွှေဦး (အဖွဲ့ဝင်)
၇။ ဒု-ဗိုလ်မှူးကြီး ခွန်ဆွေထို (အဖွဲ့ဝင်)
၈။ ခွန်ထီး (အဖွဲ့ဝင်)
၉။ ခွန်ထွန်းတင် (အဖွဲ့ဝင်)
၁၀။ ခွန်သောမတ်စ် (အဖွဲ့ဝင်)
၁၁။ နန်းနွယ်နွယ် (အဖွဲ့ဝင်)
၁၂။ နန်းမြင့် (အဖွဲ့ဝင်)

ဆက်ဆံရေးရုံးများ

၁။ တောင်ကြီး (၂၆-၁-၂၀၁၃)
၂။ သထုံ (၂၁-၈-၂၀၁၃)
၃။ မောက်မယ် (၈-၁၂-၂၀၁၃)
၄။ ဆီဆိုင် (မကြာမီ ဖွင့်လှစ်မည်။)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1029 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « DKBA NSCN-K »