To subscribe our Peace Info (News PI), please enter your email here!

National Socialist Council of Nagaland-Khaplang nscn-k
နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ (ကပ်ပလန်)

အစိုးရမှ ခေါ်ဆိုသည့်အမည်- NSCN-K

အကျဉ်းချုပ်
တည်ထောင်သည့်နေ့စွဲ- ၁၉၈၀ ခုနှစ်။ ဇန်နဝါရီလ ၁ ရက်။
ဌာနချုပ်- ရွေ့ပြောင်းဌာနချုပ်။
လှုပ်ရှားဒေသ- စစ်ကိုင်းတိုင်းဒေသကြီးရှိ လဟယ်၊ လေရှီး၊ ခန္တီး၊ နန်းယွန်းဒေသများ။
ခန့်မှန်းအင်အား- ၅၀၀ အောက်။
ခေါင်းဆောင်- အက်စ် အက်စ် ကပ်ပလန် (SS Kaplan)

NSCN-K အဖွဲ့သည် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းရှိ နာဂလူမျိုးများနေထိုင်ရာ ဒေသများကို ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် နာဂအဖွဲ့ ၂-ဖွဲ့ ကွဲ သွားသည်။ NSCN-K ကို အက်စ် အက်စ် ကပ်ပလန်က ဦးဆောင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိ လဟယ် နှင့် နန်းယွန်း မြို့နယ်များတွင် အခြေစိုက်သည်။ NSCN-IM မှာမူ အိုက်ဆက် ချီဆီ ဆု (Isak Chisi Swu) နှင့် သူယန် ဂလန်း မွေဗာ (Thuingaleng Muivah) က ဦးဆောင်၍ အိန္ဒိယနိုင်ငံထဲတွင် အခြေစိုက်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ ၂၀၁၀ ခုနှစ်မှစ၍၊ မြန်မာအစိုးရတပ်များနှင့် NSCN-K တို့အကြား လက်နက်ကိုင် တိုက်ခိုက်မှုများ မရှိခဲ့ပါ။ ၂၀၁၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်ပိုင်း၊ ၎င်းတို့၏ရဲဘော် အများ အပြားက အဖွဲ့ကို စွန့်ခွာသွားကြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ

ဥက္ကဋ္ဌ- အက်စ် အက်စ် ကပ်ပလန် (SS Kaplan)
အထွေထွေအတွင်းရေးမှူး- ဒါလီ မန်းဂရူးအို (Dali Mangru Ao)
စစ်ဦးစီးချုပ်- ခိုလီး ကွန်းရက် (Khole Konyak)
CEC အဖွဲ့ဝင်- ဦးကျော်ဝမ်းစိန်

အပစ်အခတ် ရပ်စဲပြီးချိန်မှစ၍ ထူးခြားသော ဖြစ်ပေါ်တိုးတက်မှုများ မရှိပါ။ တိုင်းရင်းသား အစည်းအဝေးများတွင်လည်း ပါဝင်တက်ရောက်ခြင်း မရှိပါ။ သို့သော်လည်း အစိုးရက ကား ၁၅ စီးအခွန်မဲ့ တင်သွင်းခွင့်နှင့် ကား ၃၀ စင်းကို သက်ညှာသည့် အခွန်နှုန်းထားဖြင့် တင်သွင်းခွင့် ရရှိခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အသစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ဧပြီလ ၉ ရက်၊ ၂၀၁၂ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၁၂-ခုမြောက် အဖွဲ့ဖြစ်သည်။
အဆင့် ၁- ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- မသိရှိရ။

ဆက်ဆံရေးရုံးများ- စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီး။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1030 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « PNLO TNLA »