To subscribe our Peace Info (News PI), please enter your email here!

ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် dkba
Democratic Karen Benevolent Army

လက်နက်ကိုင်တပ်- ကလိုထူးဘော တပ်ရင်း
နိုင်ငံရေး အဖွဲ့အစည်း- ကလိုထူးဘော
အခြားအမည်- ကရင် ကလိုထူးဘော အဖွဲ့ (KKO)
အစိုးရမှ ခေါ်ဆိုသည့်အမည်- ကလိုထူးဘော လက်နက်ကိုင်အဖွဲ့
(ယခင် ဗုဒ္ဓဘာသာကရင်အမျိုးသား အစည်းအရုံး- တပ်မဟာ ၅)

ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
ဌာနချုပ်- ဆုံဆည်းမြိုင်၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်။
လှုပ်ရှားဒေသ- ဘုရားသုံးဆူဒေသ၊ မြိုင်ကြီးငူ၊ လှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များ၊ မာနယ်ပလော (ယခင် KNU ဌာနချုပ်ဟောင်း)
ခန့်မှန်းအင်အား- ၁, ၅၀၀ +
ခေါင်းဆောင်- ဗိုလ်ချုပ် စောလားပွယ် (ခေါ်) နှုတ်ခမ်းမွှေး (စစ်ဦးစီးချုပ်)
                      ဗိုလ်မှူးချုပ် မိုးရှေ (ဒု စစ်ဦးစီးချုပ်)

ဗိုလ်ချုပ် စောလားပွယ်မှ ဦးဆောင်သည့်၊ DKBA တပ်မဟာ ၅ သည် မူလ DKBA (ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး) (လက်ရှိ နယ်ခြားစောင့်တပ် BGF) ထံမှ ခွဲထွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဒီမိုကရေစီ အကျိုးပြုကရင့် အမျိုး သား တပ်မတော်အဖြစ် အမည် ပြောင်းလဲခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် တပ်မဟာ-၅ က မြဝတီရှိ အစိုးရတပ်များနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။

DKBA တွင် ကလိုထူးဘော၊ ကလိုထူးဝါး နှင့် ကလိုထူးလား စစ်ဗျူဟာတပ်ဖွဲ့များ ရှိသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ

ဗိုလ်မှူးကြီး စောကျော်ဒါး
ဗိုလ်မှူးကြီး စောလုံ့လုံ
ဗိုလ်မှူးကြီး စောစန်းအောင်
ဗိုလ်မှူး စောထွန်းထွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အသစ် အပစ်အခတ်ရပ်စဲမှု- ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
အစိုးရနှင့် တတိယမြောက် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးသည့် အဖွဲ့ဖြစ်သည်။
အဆင့် ၂ - ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဒီဇင်ဘာ ၁၁၊ ၂၀၁၁ ခုနှစ်)
အပစ်အခတ်ရပ်စဲရေးပြီးနောက် တိုက်ပွဲများ။- တစ်ကြိမ် (၂၀၁၂)၊ ၄ ကြိမ် (၂၀၁၃)
တရားဝင် ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- မရှိပါ။

ဆက်ဆံရေးရုံးများ

၁။ ဖားအံမြို့ (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်သည်။)
၂။ မြဝတီမြို့ (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်သည်။)
ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ မြိုင်ကြီးငူ (ဆိုင်းငံ့ထားဆဲ)။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1098 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « KPC PNLO »