To subscribe our Peace Info (News PI), please enter your email here!

Ta'ang National Liberation Army tnla
တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်

www.palaungland.org/eng
www.pslf.tnla.blogspot.com

unfc UNFC အဖွဲ့ဝင် ဖြစ်သည်။
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

နိုင်ငံရေးအဖွဲ့အစည်း။ PSLF (နောက်ဆုံး ပလောင်နိုင်ငံရေးအုပ်စုဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် လက်နက်ချသွားခဲ့သည့် PSLO အဖွဲ့နှင့် မလွဲမှားသင့်ပေ။)

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၁၉၉၂ ခုနှစ်။ ဇန်နဝါရီလ။
ဌာနချုပ်- ရွှေ့ပြောင်း ဌာနချုပ်။
လှုပ်ရှားဒေသ- ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်၊ မန်းပန် ဒေသများ။
ခန့်မှန်းအင်အား- ၁,၅၀၀ +
ခေါင်းဆောင်- တာအိုက်ဖုန်း (ဥက္ကဋ္ဌ)။ တာဘုန်းကျော် (အထွေထွေ အတွင်းရေးမှူး)

ယခင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO/A) သည် အစိုးရနှင့် ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် လက်နက်ချ အပ်နှံခဲ့သည်။ ပြီးနောက် ပလောင် ခေါင်းဆောင် တာအိုက်ဖုန်း နှင့် တာဘုန်းကျော်တို့က လစ်ဟာနေသည့် ကွပ်လပ်ကို ဖြည့်ဆည်းသည့်အနေဖြင့်၊ အဖွဲ့အစည်းကို ပြန်လည်ဖွဲ့စည်း၍၊ PSLF အမည်ဖြင့်ပင် မြန်မာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ TNLA သည် PSLF ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ လက်ရှိတွင် TNLA က KIA ၊ SSPP/SSA တို့နှင့် လက်တွဲ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရကို ဆန့် ကျင်တိုက်ခိုက်လျှက် ရှိသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းတွင်၊ အစိုးရက ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင် (တအောင်းဟုလည်း ခေါ်ဆိုသည်) တို့၏ နေထိုင်ရာဒေသများကို အသိအမှတ်ပြု၍ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ သတ်မှတ်ပေးခဲ့သည်။ သို့ သော်လည်း ဤဒေသသည် ဖွံ့ဖြိုးမှု အလွန်နှေးကွေးဆဲဖြစ်၍၊ ဆေးရုံနှင့် ကျောင်းများ အနည်းငယ်သာ ရှိကြသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ-

ဥက္ကဋ္ဌ - တာအိုက်ဖုန်း
အထွေထွေအတွင်းရေးမှူး - တာဘုန်းကျော်
စစ်ဦးစီးချုပ် - တာ ဟွဒ် ပလန် (Tar Hoi Plarn)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိသေးသော အဖွဲ့ ဖြစ်သည်။
တိုက်ပွဲများ- (၂၀၁၂)- ၈၀+ အကြိမ်၊ (၂၀၁၃)- ၁၂၀+ အကြိမ်

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- မရှိပါ။

ဆက်ဆံရေး ရုံးများ- မရှိပါ။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1065 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « NSCN-K ALP »