To subscribe our Peace Info (News PI), please enter your email here!

Nationwide Ceasefire Coordination Teamethnic armed org logo

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- နိုဝင်ဘာလ ၂ ရက်၊ ၂၀၁၃ ခုနှစ်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပသည့် လို်င်ဇာညီလာခံတွင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ပြီး၊ NCCT သည် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက၊ အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေး မည့်အဖွဲ့ နှင့် တွေ့ဆုံသည့်အခါ ကိုယ်စားပြုမည် ဖြစ်သည်။ NCCT သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်သည်အထိ ယာယီ ဖြစ်သည်။ ထိုအခါ ယင်းကို နိုင်ငံရေးအခြေခံမူဘောင် ရေးဆွဲရေးနှင့် တွေ့ဆုံဆွေးနွေးရေး ကော်မီတီဖြင့် အစားထိုးမည် ဖြစ်သည်။ အဓိက အားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ခုမှ ထောက်ပံ့ထားသော ရန်ပုံငွေဖြင့်၊ နိပွန်ဖောင်ဒေးရှင်းမှ အခြား အထွေထွေ ထောက်ပံ့ပေးမှုများဖြင့် လည်ပတ်ဆောင်ရွက်နေသည်။ (ဥပမာ- အစည်းအဝေး ကျင်းပရန် နေရာငှားပေး ခြင်းမျိုး ဖြစ်သည်) ချင်းမိုင် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ အယ်လ်ပိုင်း ဂေါက်ရိုက်အပန်းဖြေစခန်းတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ က ကျင်းပခဲ့သည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်က လိုင်ဇာတွင် ပြုလုပ်သော NCCT ၏ အစည်း အဝေး တက်ရောက်သော်လည်း အချက် ၁၁ ချက်ပါ ဘုံရပ်တည်ချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။ အကြောင်း မှာ ၎င်းက ရှမ်းပြည်နယ် ညီညွတ်ရေး ကော်မီတီထံ ပြန်လည်ညှိနှိုင်း အတည်ပြုချက် ရယူရန်လိုအပ်သောကြောင့် ဖြစ် သည်။ UWSA နှင့် NDAA ကို အစည်း အဝေးသို့ ဖိတ်ကြားခဲ့သော်လည်း၊ တက်ရောက်လာခြင်း မရှိပေ။

အဖွဲ့ဝင် အဖွဲ့အစည်းများ

၁။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)
၂။ ရခိုင် အမျိုးသားကောင်စီ (ANC)
၃။ ရခိုင် တပ်မတော် (AA)
၄။ ချင်းအမျိုးသား တပ်ဦး (CNF)
၅။ ကရင်အမျိုးသား အကျိုးပြု ဒီမိုကရေစီ တပ်မတော် (DKBA)
၆။ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)
၇။ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)
၈။ ကရင် အမျိုးသား အစည်းအရုံး (KNU)
၉။ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ
၁၀။ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)
၁၁။ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)
၁၂။ မွန်ပြည်သစ်ပါတီ (NMSP)
၁၃။ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO)
၁၄။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)
၁၅။ သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP)
၁၆။ ဝအမျိုးသား အဖွဲ့ (WNO)
* RCSS က လက်မှတ်ရေးထိုးခြင်း မရှိပါ။


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များ

စဉ် အမည် တာဝန် မိခင် အဖွဲ့အစည်း
နိုင်ဟံသာ (နိုင်ဟောင်းဆာ) အဖွဲ့ခေါင်းဆောင် NMSP
ဖဒို ကွယ်ထူးဝင်း ဒု-ခေါင်းဆောင် ၁ KNU အထွေထွေအတွင်းရေးမှူး
ဗိုလ်ချုပ်ဂွမ်မော် ဒု-ခေါင်းဆောင် ၂ KIO ဒု ဦးစီးချုပ်
ဒု-ဗိုလ်မှူးကြီး ကျော်ဟန် အဖွဲ့ဝင် AA
ဒေါ်စောမြရာဇာလင်း အဖွဲ့ဝင် ALP CEC အဖွဲ့ဝင်
ဦးထွန်းဇော် အဖွဲ့ဝင် ANC အထွေထွေ အတွင်းရေးမှူး
ဒေါက်တာ ဆလိုင်းလျှံမုန်း ဆာခေါင်း အဖွဲ့ဝင် CNF သဘာပတိအဖွဲ့
ဗိုလ်မှူးကြီး စောလုံ့လုံ အဖွဲ့ဝင် DKBA
ရွှေမျိုးသန့် အဖွဲ့ဝင် KNPP အတွင်းရေးမှူး -၂
၁၀ ဗိုလ်ချုပ် ဒေါက်တာတင်မိုသီ လက်လန်း အဖွဲ့ဝင် KPC နိုင်ငံခြားဆက်ဆံရေး
၁၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အဖွဲ့ဝင် PNLO နာယက
၁၂ စိုင်းဘထွန်း အဖွဲ့ဝင် SSPP, CEC အဖွဲ့ဝင်
၁၃ တာအိုက်ညွန့် အဖွဲ့ဝင် WNO အတွင်းရေးမှူးချုပ်

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အစည်းအဝေးများ

အဓိက အစည်းအဝေးများ-

လိုင်ဇာ ညီလာခံ (အောက်တိုဘာ ၃၀-နိုဝင်ဘာ ၂၊ ၂၀၁၃ ခုနှစ်)

လောခီးလာ ညီလာခံ (ဇန်နဝါရီလ ၂၀-၂၅၊ ၂၀၁၄ ခုနှစ်)

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉-၁၁ တွင် ချင်းမိုင်၌ NCCT က ၃ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃-၁၅ တွင် NCCT က နိုင်ငံရေး အခြေခံမူဘောင် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် မြန်မာ အစိုးရ အစည်းအဝေးများ

စဉ် နေ့စွဲ နေရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ် အသေးစိတ် အကြောင်းအရာ
၄-၅/၁၁/၁၃ မြစ်ကြီးနား အဖွဲ့ ၁၈ ခုမှ ကိုယ်စားလှယ်များ ဦးအောင်မင်း ဦးသိန်းဇော် အစိုးရက တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူညီချက် တတိယ မူကြမ်းကို တင်ပြသည်။
၂၆/၁၁/၂၀၁၃ ချင်းမိုင် NCCT   အစိုးရက တင်ပြသည့် တစ်နိုင်ငံ လုံးအပစ်ရပ် သဘောတူညီချက် တတိယ မူကြမ်း၊ လိုင်ဇာသဘော တူညီချက်တို့ကို သုံးသပ်ဆွေးနွေး ကြသည်။ ဖက်ဒရယ် တပ်မတော် ကိစ္စ
၁၅/၁၂/၂၀၁၃ ရန်ကုန် NCCT MPC နည်းပညာ အဖွဲ့ အလွတ်သဘော ဆွေးနွေးမှု ဖြစ်သည်။
၂၉/၁၂/၂၀၁၃ ချင်းမိုင် NCCT ဦးအောင်မင်းနှင့် MPC နည်းပညာ အဖွဲ့ အလွတ်သဘော ဆွေးနွေးမှု ဖြစ်သည်။ တစ်နိုင်ငံ လုံးအပစ်ရပ် သဘော တူညီချက် တစ်မူတည်း ဖြစ်စေရေး ဆွေးနွေးကြသည်။
၁၀/၀၁/၂၀၁၄   NCCT MPC နည်းပညာ အဖွဲ့ အလွတ်သဘော ဆွေးနွေးမှု ဖြစ်သည်။

 

ထုတ်ပြန်ကြေညာချက်များ

၁။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်။ NCCT က လောခီးလာညီလာခံ ထုတ်ပြန်ကြေညာချက် ပြုသည်။
၂။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အချက် ၁၁ ချက် ပါ ဘုံရပ်တည်ချက်

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1000 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: UNFC »