To subscribe our Peace Info (News PI), please enter your email here!

United Nationalities Federal Councilunfc

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ

 

အစိုးရခေါ်သည့်အမည်- UNFC

အကျဉ်းချုပ်
တည်ထောင်သည့်နေ့စွဲ- ဖေဖေါ်ဝါရီလ ၁၆ ရက်၊ ၂၀၁၁ ခုနှစ်။
ဌာနချုပ်- ချင်းမိုင်၊ ထိုင်းနိုင်ငံ။

UNFC သည် နောက်ဆုံးဖွဲ့စည်းသည့် တိုင်းရင်းသားလူမျိုးစုများ၏ တပ်ပေါင်းစု ဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကော်မီတီ (CEFU) ကို ပြန်လည်ဖွဲ့စည်း၊ အမည်ပြောင်း၍ပေါ်ထွက်လာခြင်း ဖြစ်သည်။ UNFC က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကို ကိုယ်စားပြု၍ ဆောင်ရွက်လိုသည်။

ယခင်ဖွဲ့စည်းသည့် မဟာမိတ်အဖွဲ့များ-

အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF) ၁၉၇၆- လက်ရှိ။
တိုင်းရင်းသားလူမျိုးစုများ ကောင်စီ (ENC) ၂၀၀၁-လက်ရှိ။

ဦးတည်ချက်

UNFC က မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုသည်။ ၎င်းတို့က တိုင်းရင်းသားဒေသများကို ခုခံကာကွယ်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ကို တည်ထောင်ထားပြီး ဖြစ်သည်။

အဖွဲ့ဝင် ၁၁ ဖွဲ့ပါဝင်သော မဟာမိတ်အဖွဲ့ ဖြစ်သည်။
UNFC အဖွဲ့ဝင်များ (CEFU တွင်လည်း ပါဝင်ကြသည်။)

၁။ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)
၂။ မွန်ပြည်သစ် ပါတီ (NMSP)
၃။ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSPP/SSA)
၄။ ကရင်အမျိုးသား အစည်းအရုံး (KNU)
၅။ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)
၆။ ချင်း အမျိုးသား တပ်ဦး (CNF)

အဖွဲ့ဝင်သစ် ၆ ဖွဲ့

၁။ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)
၂။ ရခိုင် အမျိုးသားကောင်စီ (ANC)
၃။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)
၄။ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) (ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦးPSLF ဟု လည်းခေါ်သည်။)
၅။ ဝ အမျိုးသား အဖွဲ့ချုပ် (WNO)
၆။ (ယခင် ၆ ဖွဲ့မြောက် အဖွဲ့သစ် ကချင်အမျိုးသား အစည်းအရုံး (KNO) က KIO နှင့် ပူးပေါင်းလိုက်သည်။)
၇။ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)


UNFC ၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုအဖွဲ့

၁။ ဖဒိုမန်းမန်းမန်း (KNU)
၂။ ဗိုလ်မှူးကြီး ဂျီနောင်း (KIO)
၃။ ဦးအောင်ဆန်းမြင့် (KNPP)
၄။ ဦးခွန်မြင့်ထွန်း (PNLO)
၅။ နိုင်ကွဲ့ဟောင်းမွန် (NMSP)
၆။ ဦးထွန်းဇော် (ANC)
၇။ စောအောဘောမူ ကူသေး (KNU)

ဘက်စုံ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
နိပွန်ဖောင်ဒေးရှင်းနှင့် နားလည်မှု စာချွန်လွှာ

ဖွဲ့စည်းပုံ

အဖွဲ့ဝင် အဖွဲ့အစည်းတိုင်းက လူပုဂ္ဂိုလ် ၂ ဦးမှ ၄ ဦးကို တာဝန်ပေး စေလွှတ်၍ UNFC ကောင်စီတွင် ကိုယ်စားပြု ပါဝင်စေသည်။ လက်ရှိ UNFC ကောင်စီတွင် အဖွဲ့ဝင် ၂၇ ဦးရှိသည်။ ယင်းအနက်မှ ၁၀ ဦးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့အဖြစ် ရွေးကောက်တင်မြှောက်သည်။

ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (ဒီဇင်ဘာ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းသည်။)

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (၂၀၁၁ ခုနှစ်)

တာဝန်  ၂၀၁၁  ၂၀၁၂ - ၂၀၁၃  
ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး အန်ဘန်လ  KIO  ဗိုလ်ချုပ်ကြီး အန်ဘန်လ  KIO 
ဒု-ဥက္ကဌ ၁  ဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း  KIO  ခွန် အေဘယ်တွဒ်  KNPP 
ဒု-ဥက္ကဋ္ဌ ၂  ခွန် အေဘယ်တွဒ်  KNPP  ဒေးဗစ် သာကပေါ  KNU 
အထွေထွေ အတွင်းရေးမှူး  နိုင်ဟံသာ  NMSP  နိုင်ဟံသာ  NMSP 
တွဲဖက် အတွင်းရေးမှူး- ၁ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီး ခွန်ဥက္ကာ  PNLO  ဖဒိုမန်းမန်းမန်း  KNU 
တွဲဖက် အတွင်းရေးမှူး- ၂  ရွှေမျိုးသန့်  KNPP  ဗိုလ်မှူးကြီး ခွန်ဥက္ကာ  PNLO 
အဖွဲ့ဝင်  မန်းငြိမ်းမောင်  KNU  ဒေါက်တာခင်မောင်  ANC 
အဖွဲ့ဝင်  ဒေါက်တာလဂျာ  KIO  ဒေါက်တာလဂျာ  KIO 
အဖွဲ့ဝင်  ဒေါက်တာရွှေခါး  CNF  နော်စီဖိုးရာစိန်  KNU 
အဖွဲ့ဝင်  ဘောမ်ဝန် လာရော် (Bawmwang Laraw)  KNO  နိုင်ကွဲဟောင်းမွန်  NMSP

 

ဆွေးနွေးပွဲများ

စဉ်  နေ့စွဲ  နေရာ  လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်  အစိုးရ ကိုယ်စားလှယ်  အသေးစိတ် အချက်အလက်များ 
၂၃/၁၂/၂၀၁၁ ဘန်ကောက်၊ ထိုင်းနိုင်ငံ  ခွန်ဥက္ကာ  ဦးအောင်မင်း  အကြိုပဏာမ ဆွေးနွေးပွဲမတိုင်မီ အလွတ်သဘော တွေ့ဆုံမှုဖြစ်သည်။ 
၀၉/၁၁/၂၀၁၂ ချင်းမိုင်၊ ထိုင်းနိုင်ငံ  နိုင်ဟံသာ၊ ခွန်ဥက္ကာနှင့် အခြား UNFC ခေါင်းဆောင်များ  ဦးအောင်မင်း 

အလွတ်သဘော တွေ့ဆုံမှုဖြစ်သည်။

အကျိုးဆောင် (အစိုးရဖက်မှ)- ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်

၂၀/၀၂/၂၀၁၃ ချင်းမိုင်၊ ထိုင်းနိုင်ငံ  နိုင်ဟံသာ  ဦးအောင်မင်း 

အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်

တိုင်းရင်းသားဒေသများတွင် အစိုးရ နှင့် နိုင်ငံတကာ စီမံကိန်းများကို အနာဂတ်တွင် မည်သို့မည်ပုံ အကောင်အထည်ဖော်ကြမည်ကို ဆွေးနွေးကြသည်။

နိုင်ငံရေးဆွေးနွေးပွဲအတွက် အချိန် ဇယား 

၁၃/၀၇/၂၀၁၃ ချင်းမိုင်၊ ထိုင်းနိုင်ငံ  နိုင်ဟံသာ၊ ဖဒို မန်းမန်းနှင့် အခြား ခေါင်းဆောင်များ  MPC နည်းပညာ အဖွဲ့ 

ကြိုတင်ပြင်ဆင်မှု အစည်းအဝေး ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းပြ မြေပုံကို ဆွေးနွေးသည်။ ကြားဝင် ဖျန်ဖြေသူများ၊ အဖွဲ့အစည်းများ။

နိုင်ငံတွင်း ရေရှည်ငြိမ်းချမ်းရေး အတွက် UNFC က နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်။ 

၂၇/၀၈/၂၀၁၃ ချင်းမိုင်၊ ထိုင်းနိုင်ငံ  UNFC နည်းပညာ အဖွဲ့  MPC နည်းပညာ အဖွဲ့  တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှု အတွက် ဆွေးနွေးကြသည်။ 
၀၈/၀၉/၂၀၁၃ ချင်းမိုင်၊ ထိုင်းနိုင်ငံ  UNFC  ဦးအောင်မင်း၊ ဦးခင်ရီ၊ MPC ကိုယ်စားလှယ် ၁၃ ဦး  အစိုးရ၏ အချက် ၈ ချက်ပါ လမ်းပြ မြေပုံနှင့် UNFC ၏ ၆-ချက်ပါ လမ်းပြမြေပုံအပေါ်၊ အခြေခံမူ ဘောင်အပေါ် ဆွေးနွေးကြသည်။ အစိုးရက အောက်တိုဘာ တတိယ အပတ်တွင် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီနိုင် မည်ဟု ကြေညာသည်။ 

 

UNFC အစည်းအဝေးများ

၂၉/၀၇/၂၀၁၃ ချင်းမိုင် ထိုင်းနိုင်ငံ  MNDAA, NBF, UWSA, NDAA   
၀၇/၁၀/၂၀၁၃ ချင်းမိုင် ထိုင်းနိုင်ငံ  UNFC အဖွဲ့ဝင်အားလုံး  အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲ အခြေခံမူဘောင်နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးသည်။ 
၂၂/၁၁/၂၀၁၃ ချင်းမိုင် ထိုင်းနိုင်ငံ UNFC, RCSS, WGEC

၁။ ဦးခင်မောင်ဆွေ (NDF)
၂။ ဒေါ်သန်းသန်းနု (ဒီမိုကရေစီပါတီ-မြန်မာပြည်)
၃။ ဦးမျိုးညွန့် (ဒီမို/ငြိမ်းချမ်းရေးပါတီ)
၄။ စိုင်းအိုက်ပေါင်း (SNDP)
၅။ ဦးဇော်အေးမောင် (RNDP)
၆။ စောထွန်းအောင်မြင့် (ရန်ကုန်-ကရင်ရေးရာဝန်ကြီး)
၇။ နိုထန်ခတ် (စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး)
၈။ ဦးဇိုဇမ်း (CNP)
၉။ စိုင်းညွန့်လွင် (SNLD)
၁၀။ ဦးနေမျိုးဝေ (မတူကွဲပြား/ ငြိမ်းချမ်းခြင်းပါတီ)
၁၁။ နန်းခင်ထွေးမြင့် (NLD)

သူတို့က ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ကိစ္စ ဆွေးနွေးကြသည်။ အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ယုံကြည်မှုတည်ဆောက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲများ (Workshops)

- ဇန်နဝါရီလ ၁၃-၁၅၊ ၂၀၁၄ ခုနှစ်- UNFC နှင့် NCCT တို့က ကျင်းပသည့် နိုင်ငံရေးအခြေခံမူဘောင် ဆိုင်ရာဆွေးနွေးပွဲ။
- ဇန်နဝါရီလ ၉-၁၁၊ ၂၀၁၄ ခုနှစ်- UNFC နှင့် NCCT တို့က ကျင်းပသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆိုင်ရာ ဆွေးနွေးပွဲ။
- ဒီဇင်ဘာလ ၂-၅၊ ၂၀၁၃ ခုနှစ်- မြောက်ပိုင်း အိုင်ယာလန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ရလဒ်ဖြစ်သော လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုအပေါ် ဆွေးနွေးပွဲ
- နိုဝင်ဘာလ ၂၄၊ ၂၀၁၃ ခုနှစ်- ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ UNFC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ
- အောက်တိုဘာလ ရ-၁၀၊ ၂၀၁၃ ခုနှစ်။ ချင်းမိုင်တွင် UNFC က အရေးပေါ် အစည်းအဝေး ကျင်းပသည်။
- ဇူလိုင်လ ၂၉-၃၁၊ ၂၀၁၃ ခုနှစ်- UNFC ညီလာခံ ကျင်းပသည်။
- ဇူလိုင် ၅-၇၊ ၂၀၁၃ ခုနှစ်- အာချေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှ သင်ခန်းစာများ ဆွေးနွေးပွဲ

လမ်းပြမြေပုံများ

နိုင်ငံရေးလုပ်ငန်းစဉ် ၆-ချက်ပါ ငြိမ်းချမ်းရေး လမ်းပြမြေပုံ (၂၇-၀၉-၂၀၁၂)။ အစိုးရ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံအပေါ် အခြားရွေးချယ်စရာ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်သည်။

၁။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် civil societies တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး "နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်" (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို သဘောတူ ချမှတ်ရန်။

၂။ ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ စုစည်းထားသော ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေး၍ "တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား" (The Framework of Political Dialogue) သဘောတူညီချက် ရရှိရန်။
ထိုသို့ပြုလုပ်ရာတွင် -

(က) ဘက်နှစ်ဘက်မှ လက်ခံနိုင်သောနေရာတွင် ဆွေးနွေးရန်။
(ခ) ဆွေးနွေးစဉ်နှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ဘက်မလိုက်သော နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ထားရှိရန်နှင့် သဘောတူညီချက်များကို အများပြည်သူသိရှိအောင်လွတ်လပ်သော မီဒီယာများမှ တဆင့် ပူးတွဲထုတ်ပြန်ရန်။

၃။ ပြည်ထောင်စုအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ အကြား တွေ့ဆုံဆွေးနွေးပွဲမှ "တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား" (The Framework of Political Dialogue) သဘောတူညီချက်ရရှိပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သော်လည်းကောင်း၊ လူမျိုးအလိုက် သော်လည်းကောင်းတိုင်းရင်းသားတို့၏ ညီလာခံများကျင်းပပြီး ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားရန်။

၄။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသားများ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် civil societies အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော တိုင်းရင်းသားလူမျိုးစုံ ညီလာခံ တစ်ခုကို ခေါ်ယူကျင်းပသွားရန်။

၅။ တိုင်းရင်းသား အင်အားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်းအရ လှုပ်ရှားနေကြသော နိုင်ငံရေး အင်အားစုများ၏ ကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားလှယ်များ အချိုးညီပါဝင်ပြီး အင်အားစု သုံးစုစလုံး လက်ခံနိုင်သော ပုံစံဖြင့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော ပြည်ထောင်စုညီလာခံကြီးတစ်ရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ ချမှတ်သောသဘောတူညီချက်များကို "တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်" (Union Accord) အဖြစ် သဘောတူ လက်မှတ်ရေးထိုးရန်။

၆။ "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်" (Union Accord) ကို အချိန်အတိအကျ သတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားရန်။

တောင်းဆိုချက်များ-

UNFC က အဓိကပြဿနာ ၄-ရပ်ကို ဆွေးနွေးရန် ၂၀၁၂ ခုနှစ်တွင် တောင်းဆိုထားသည်။

၁။ UNFC နှင့် အစိုးရတို့ ဂျပန်နိုင်ငံတွင် နိပွန်ဖောင်ဒေးရှင်း၏ စောင့်ကြည့်ကူညီမှုအောက်တွင် ဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ရေး စီစဉ်ရန်။
၂။ ရခိုင်ပြည်နယ်တွင် လူအုပ်စုများ အချင်းချင်းအကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွက် နည်းလမ်းအဖြေရှာရန်။
၃။ UNFC ၏ အချက် ၆-ချက်ပါ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို အကောင်အထည်ဖော်ရန်။
၄။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ အဆုံးသတ်စေရန်။

တရားမဝင် သဘောတူညီချက် (နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၂ ခုနှစ်)

၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်။
၂။ နိုင်ငံရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်လုံးတစ်စည်းတည်း ဆွေးနွေးရန်။ ခွဲခြားဆွေးနွေးမှု မပြုရန်။
၃။ လာမည့်လတွင် ရန်ကုန်မြို့၌ တည်ထောင်ထားသော မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ (Myanmar Peace Center) တွင် စီစဉ်ထားသည့် ဆွေးနွေးပွဲ၌၊ တရားဝင်ဆွေးနွေးကြသည့်အခါ အောက်ဖော်ပြပါ ခေါင်းစဉ်များဆွေးနွေး ရန်။ (နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံမူဘောင်၊ အချိန်ဇယား၊ နည်းပညာ ပံ့ပိုးကူညီမှုနှင့်ထောက်ပံ့ရေး ကိစ္စများ။)

နိုင်ငံရပ်ခြား လှုပ်ရှားမှုများ

ဧပြီလ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်- (ဂျပန်နိုင်ငံ၊ တိုကျိုမြို့) - UNFC ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦးဖြစ်သော၊ ဒေါက်တာလဂျာ၊ ခွန်ဥက္ကာနှင့် စောဒေးဗစ် သာကပေါတို့သည် တိုကျိုသို့ သွားရောက်၍၊ ဂျပန်အစိုးရနှင့် ပြောဆိုဆွေးနွေးခဲ့ကြသည်။ UNFC ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေ၊ လက်ရှိ ပဋိပက္ခဖြေရှည်း ပြေလည်စေရေးတွင် UNFC ၏ အခန်းကဏ္ဍ၊ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေး
ပွဲ ကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်- (အမေရိကန်ပြည်ထောင်စု) - KNU အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေးဗစ် သာကပေါ နှင့် UNFC တွဲဖက်အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ခွန်ဥက္ကာတို့ ဦးဆောင်ကြသည့်၊ UNFC နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တို့ ပူးတွဲကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ၎င်းခရီးစဉ်တွင် သူတို့က အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ အရာရှိများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ်- UNFC နိုင်ငံခြားရေးအဖွဲ့ဝင် စဝ် ဆွေမန် ဂရိုင်း (UNFC စစ်ဖက်ရေးရာ)၊ လအောင် နှင့် NCUB ၏ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်ကိုမိုးချမ်းတို့ ပါဝင်ကြသည်။

ဧပြီလ ၁-၅ ရက်၊ ၂၀၁၃ ခုနှစ်- (ဂျပန်နိုင်ငံ၊ တိုကျို) - UNFC အဖွဲ့ဝင်များက ဂျပန်နိုင်ငံသို့ သွားရောက်၍ ဂျပန်ဝန်ကြီးချုပ် အသစ်နှင့် တွေ့ဆုံသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများထံ လူသားချင်းစာနာမှု အကူအညီအသစ်များ ပေးပါရန် ဆွေးနွေးသည်။

မေလ ၂၀၁၃ ခုနှစ်- (UK) - အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ၊ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်၍ UNFC အဖွဲ့ဝင်များက ယူနိုက်တက် ကင်ဒမ်း နိုင်ငံသို့ သွားရောက်ခဲ့သည်။ မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာသည်။ သူတို့နှင့်အတူ ဦးဆော်လမွန် (CNF)၊ ဦးဆော်လမွန် (လားဟူ)၊ ဘောမ်ဝန်း လာရော် (Bumwam Laraw) (KIO) နှင့် ALP မှ အဖွဲ့ဝင်တစ်ဦး လိုက်ပါခဲ့သည်။

ထုတ်ပြန်ကြေညာချက်များ

- ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၃ ခုနှစ်- ကချင်ပြည်နယ်အတွင်း ထိုးစစ်များနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်။
- ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၃ ခုနှစ်- UNFC နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ကြေညာချက်။
- ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၃ ခုနှစ်- UNFC ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ကြေညာချက်
- ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်- UNFC နှင့် NCUB တို့က ကြေညာချက်များ ထုတ်ပြန်ကြသည်။ သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ် ထိုးစစ်အပေါ် UNFC နှင့် NCUB တို့က ပြစ်တင် ရှုံ့ချခဲ့ကြပြီး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် နောက်ပြန်ဆုတ်သည့် ခြေလှမ်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
- ဇူလိုင်လ ၉ ရက်၊ ၂၀၁၃ ခုနှစ်- UNFC ထုတ်ပြန်ကြေညာချက် (မြန်မာဘာသာဖြင့်)
- ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်။ နည်းပညာ ပံ့ပိုးကူညီမှု အဖွဲ့များ တွေ့ဆုံမှုအပေါ် UNFC ၏ ထုတ်ပြန်ကြေညာချက်။
- သြဂုတ် ၁ ရက်၊ ၂၀၁၃ ခုနှစ်- မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုင်းရင်းသားညီလာခံ နှင့် ပတ်သက်၍ UNFC ၏ ထုတ်ပြန်ကြေညာချက်။
- စက်တင်ဘာလ ၈ ရက်၊ ၂၀၁၃ ခုနှစ်- မြန်မာအစိုးရနှင့် UNFC တို့၏ ပူးတွဲကြေညာချက် (မြန်မာ/ အင်္ဂလိပ်)
- စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၃ ခုနှစ်- UNFC နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်
ငန်းအဖွဲ့ (UPWC) တို့၏ ပဏာမပြင်ဆင်မှု အစည်းအဝေးအပေါ် ထုတ်ပြန်ကြေညာချက် (မြန်မာ/ အင်္ဂလိပ်)
- အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်- UNFC အရေးပေါ်ကောင်စီ အစည်းအဝေး ထုတ်ပြန်ကြေညာချက်
- အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်- လိုင်ဇာ ထိပ်သီးစည်းဝေးပွဲနှင့် မြစ်ကြီးနာ အစည်းအဝေးများနှင့်ပတ်သက်၍ UNFC ၏ ထုတ်ပြန်ကြေညာချက် (အင်္ဂလိပ်)
- အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်- လိုင်ဇာ ထိပ်သီးစည်းဝေးပွဲနှင့် မြစ်ကြီးနာ အစည်းအဝေးများနှင့်ပတ်သက်၍ UNFC ၏ ထုတ်ပြန်ကြေညာချက် (မြန်မာ)
- နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ်- UNFC ၏ ထုတ်ပြန်ကြေညာချက် (၅/၂၀၁၃) (အင်္ဂလိပ်)
- နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ်- UNFC ၏ ထုတ်ပြန်ကြေညာချက် (၆/၂၀၁၃) (အင်္ဂလိပ်)
- နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၃ ခုနှစ်- UNFC နှင့် UNA တို့၏ ပူးတွဲ ထုတ်ပြန်ကြေညာချက် (မြန်မာ/ အင်္ဂလိပ်)
- နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်- UNFC ၏ ထုတ်ပြန်ကြေညာချက် (၇/၂၀၁၃) (မြန်မာ/ အင်္ဂလိပ်)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1066 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « NCCT KIO »