To subscribe our Peace Info (News PI), please enter your email here!

Chin National Front cnf
ချင်းအမျိုးသား တပ်ဦး

လက်နက်ကိုင် တပ်ဖွဲ့- ချင်းအမျိုးသား တပ်မတော် (CNA)
http://www.chinland.org/
http://www.facebook.com/pages/
Chin-National-FrontArmy/163071607069642/

unfc UNFC အဖွဲ့ဝင် ဖြစ်သည်။
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- မတ်လ ၂၀ ရက်၊ ၁၉၈၈ ခုနှစ်။
ဌာနချုပ်- ထန်တလန်၊ ချင်းပြည်နယ်။ (Camp Victoria) ဗစ်တိုရိယ စခန်း
လှုပ်ရှားဒေသ- ထန်တလန်မြို့နယ်၊ တလန်ပိ ကျေးရွာအုပ်စု၊ Dawn ကျေးရွာအုပ်စုနှင့် ဇန်တလန် (Zang Talang) ကျေးရွာအုပ်စု။
ခန့်မှန်းအင်အား- ၂၀၀ +
ခေါင်းဆောင်- ပူ ဇင်ကျုံး

CNF ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် စတင်တည်ထောင်ခဲ့သည်။ ၎င်း အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ချင်းပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် အခြေစိုက်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ တိုက်ခိုက်ရေးရဲဘော် အနည်းဆုံး ရ၀ မျှ ကျဆုံးခဲ့ရသည်။ ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် အစိုးရနှင့် တိုက်ပွဲများ ရပ်စဲသွားသည်။ CNF သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နည်းတူ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီအဖွဲ့ဝင်များ-

တွဲဖက်- အထွေထွေ အတွင်းရေးမှူး - ဒေါက်တာရွှေခါး
ညီလာခံသက်တမ်း ၄ ကြိမ်မြောက် CNF ဥက္ကဋ္ဌ။ ပူ ဇင်ကျုံး (Pu Zing Cung)

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် CNF ဗဟိုကော်မီတီကို လမ်းညွှန်မှုပေးမည့် အဆင့်မြင့်ကောင်စီ (Supreme Council) ကို ဖွဲ့စည်းသည်။ ယင်းတွင် မြို့နယ် ၉-ခုမှ ကိုယ်စားလှယ် တစ်ဦးစီ၊ ကူကီး၊ လူရှိုင်း၊ အရှိုချင်း အနွယ်များမှ ကိုယ်စား လှယ် တစ်ဦးစီ၊ CNF အဖွဲ့ဝင်များ၊ နာယက ၃ ဦး၊ ပညာရှင် ၁ ဦး၊ အမျိုးသမီး ကိုယ်စားလှယ် တစ်ဦး၊ အထွေထွေ အတွင်းရေးမှူး တစ်ဦးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူးများ ၃ ဦး ပါဝင်သည်။

အဆင့်မြင့်ကောင်စီ (Supreme Council) အဖွဲ့ဝင်များ-

၁။ ဒေါက်တာ ဇလေထန်း (ဥက္ကဋ္ဌ ၂၀၁၂)
၂။ ပူ လျံအုတ် (ဥက္ကဋ္ဌ ၂၀၁၃)
၃။ ပူ ဆလိုင်း ကပ်ခို လျန်း (ဥက္ကဋ္ဌ ၂၀၁၄)
၄။ ပူ ထန်နန်း လျံထန် (ဥက္ကဋ္ဌ ၂၀၁၅)
၅။ ပူ ဇင်ကျုံး (အထွေထွေ အတွင်းရေးမှူး)
၆။ ပူ ဘင်ဂျမင် တူးရိန် (အဖွဲ့ဝင်)
၇။ ပူ ဆလိုင်း ထန်နင်း ခီး (အဖွဲ့ဝင်)
၈။ ပူ လားလမ် လော်မ (အဖွဲ့ဝင်)
၉။ ပူ ဇိုထောင်မုန်း (အဖွဲ့ဝင်)
၁၀။ ပူ ပေါလ်ဆေထ (အဖွဲ့ဝင်)
၁၁။ ဒေါက်တာ ရွှေခါး (အဖွဲ့ဝင်)
၁၂။ ပူ ခွာအုတ်လျှံ (အဖွဲ့ဝင်)
၁၃။ ပူ သောမတ်စ်ထန်နိုး (အဖွဲ့ဝင်)
၁၄။ ပူ ထန်ယန်း (အဖွဲ့ဝင်)
၁၅။ ပူ ရားနင်း (အဖွဲ့ဝင်)
၁၆။ ဒေါက်တာ ဆလိုင်းလျံမုန်း ဆာခေါင်း (အဖွဲ့ဝင်)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အပစ်အခတ် ရပ်စဲရေး အသစ်- ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၂ ခုနှစ်။
၁၁ ခုမြောက် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တော်လှန်ရေး အဖွဲ့အစည်း ဖြစ်သည်။
အဆင့် ၂- ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေလ ရ ရက်၊ ၂၀၁၂ ခုနှစ်)
အပစ်အခတ်ရပ်စဲရေး ပြီးနောက် တိုက်ပွဲများ- မရှိပါ။

တရားဝင် ကိုယ်စားလှယ်အဖွဲ့-

ချင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ။ သြဂုတ်လ ၂၄-၃၁၊ ၂၀၁၂ ခုနှစ်။

ချင်းအမျိုးသား တပ်မတော် (CNA) ခေါင်းဆောင်များ၊ Supreme Council အဖွဲ့ဝင်များ၊ ဗဟိုကော်မီတီ နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မီတီမှ ဗဟိုကော်မီတီဝင် ၂၀ ဦးကို ရွေးချယ်ပေးသည်။

ခေါင်းဆောင်များ- Supreme council ဥက္ကဋ္ဌ ပူး ဇလေထန်း (Pu Za Hlei Thang) နှင့် အထွေထွေအတွင်းရေးမှူးချုပ် ပူး ဇင်ကျုံး (Pu Zing Cung)

ဆက်ဆံရေးရုံးများ

၁။ တီးတိန် (စက်တင်ဘာ ၂၅၊ ၂၀၁၂ ခုနှစ်)
၂။ ထန်တလန် (ဇွန် ၂၉၊ ၂၀၁၂ ခုနှစ်)
၃။ မတူပီ (ဇွန် ၂၃၊ ၂၀၁၂ ခုနှစ်)

စီးပွားရေး ဆက်ဆံရေးရုံးများ

၁။ ပလက်ဝ (အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်)
၂။ ရန်ကုန်
၃။ Tio တီယို (အိန္ဒိယ-မြန်မာနယ်စပ်)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1089 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « SSPP NDAA »