To subscribe our Peace Info (News PI), please enter your email here!

Karen National Union knu
ကရင်အမျိုးသား အစည်းအရုံး

http://www.karennationalunion.net/

လက်နက်ကိုင်တပ်ဖွဲ့- ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)
အစိုးရက ခေါ်သည့်အမည်- Kayin National Union (KNU)

ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၁၉၄၇ ခုနှစ်။
ဌာနချုပ်- ရွှေ့ပြောင်း ဌာနချုပ်။
လှုပ်ရှားဒေသ- သံတောင်၊ တောင်ငူ၊ ညောင်လေးပင်၊ လှိုင်းဘွဲ့၊ ဖားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့နယ်များနှင့် တနင်္သာရီ တိုင်းဒေသကြီး မြောက်ပိုင်းဒေသများ။
ခန့်မှန်းအင်အား- ၅,၀၀၀+
ခေါင်းဆောင်- ဗိုလ်ချုပ် စောမူတူးစေးဖိုး

KNU သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက်နေပြီး၊ ကမ္ဘာ့အရှည်ကြာဆုံး သော ပြည်တွင်းစစ်ကို ဆင်နွှဲနေသည့် အဖွဲ့ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကို ဖွဲ့စည်း၍ ဗဟိုအစိုးရကို တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်း တွင် အမည်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) အဖြစ် ပြောင်းလဲခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (CEC)-

ဥက္ကဋ္ဌ - ဗိုလ်ချုပ် မူတူးစေးဖိုး
ဒု-ဥက္ကဋ္ဌ - နော် စီဖိုးရာစိန်
အထွေထွေအတွင်းရေးမှူး - ဖဒို စောကွယ်ထူးဝင်း
အတွင်းရေးမှူး-၁ - ဖဒို စောသောသီဘွဲ
အတွင်းရေးမှူး-၂ - ဖဒိုမန်း မန်းမန်း
ကာကွယ်ရေးဌာန - ဗိုလ်မှူး စောရော်ဂျာခင်
စစ်ဦးစီးချုပ် - ဗိုလ်မှူးချုပ် စောဂျော်နီ
ဒု-စစ် ဦးစီးချုပ် - ဗိုလ်မှူးချုပ် ဘောကျော်ဟဲ

အဖွဲ့ဝင်များ-

ဖဒို စောသမိန်ထွန်း (CEC အဖွဲ့ဝင်)
ဖဒို မန်းငြိမ်းမောင် (CEC အဖွဲ့ဝင်)
ဖဒို တာဒိုးမူ (CEC အဖွဲ့ဝင်)

ဌာန ခေါင်းဆောင်များ-

ဖဒို မန်းဘထွန်း (သစ်တောဌာန)
ဖဒို ကော်ကဆာ စောနေစိုး (သယ်ယူပို့ဆောင်ရေးဌာန)
ဖဒို စောအယ်ကလူ ရွှေဦး (ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန)
ဖဒို စောလှထွန်း (စည်းရုံးရေးနှင့် သတင်းဌာန)
ဖဒို စောလားစေး (ပညာရေးနှင့် ယဉ်ကျေးမှုဌာန)
ဖဒို စောမြမောင် (မွေးမြူရေးနှင့် ရေဌာန)
ဖဒို စောရော်ဂျာခင် (ကာကွယ်ရေးဌာန)
ဖဒို စောကဲလယ် (သတ္တုတွင်းဌာန)
ဖဒို အယ်ကလူစေး (တရားရေးဌာန)
ဖဒို စောဒေးဗစ် သာကပေါ (မဟာမိတ်ရေးရာ ဌာန)
ဖဒို စောအောင်ဝင်းရွှေ (နိုင်ငံခြားရေးဌာန)
ဖဒို စောအားတိုး (ပြည်ထဲရေးနှင့် ဘာသာရေးဌာန)
ဖဒို စောခေးဆာ (ဘဏ္ဍာရေးဌာန)
ဖဒို စောဒေါ့လေးမူ (စိုက်ပျိုးရေးဌာန)
ဖဒို စောဒေါ့လေးမူ (တရားသူကြီးချုပ်)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး အသစ်သဘောတူညီချက် - ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၆-ခုမြောက်အဖွဲ့ ဖြစ်သည်။
အဆင့် ၂ - ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ။
တိုက်ပွဲများ ဖြစ်ပွားမှု - ၆ ကြိမ် (၂၀၁၂) နှင့် ၄ ကြိမ် (၂၀၁၃) ခုနှစ်။

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့
(ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ)

ဥက္ကဋ္ဌ - ဗိုလ်ချုပ် မူတူးစေးဖိုး
ဒု-ဥက္ကဋ္ဌ - နော် စီဖိုးရာစိန်
အထွေထွေအတွင်းရေးမှူး - ဖဒို စောကွယ်ထူးဝင်း
အတွင်းရေးမှူး-၁ - ဖဒို စောသောသီဘွဲ
အတွင်းရေးမှူး-၂ - ဖဒိုမန်း မန်းမန်း
စစ်ဦးစီးချုပ် - ဗိုလ်မှူးချုပ် စော ဂျော်နီ
ကာကွယ်ရေးဌာန - ဗိုလ်မှူး စောရော်ဂျာခင်

ဆက်ဆံရေးရုံးများ

၁။ ဖားအံ (၂၉-၀၉-၂၀၁၂)
၂။ ဘုရားသုံးဆူ (၁၅-၅-၂၀၁၂)
၃။ ထားဝယ် (၁၀-၄-၂၀၁၂)
၄။ မြဝတီ (၁၈-၈-၂၀၁၂)
၅။ ကျောက်ကြီး (၉-၄-၂၀၁၂)

စီးပွားရေး ဆက်ဆံရေးရုံးများ

၁။ မော်လမြိုင် (၂၂-၁၁-၂၀၁၃)
၂။ ဖားအံ
၃။ ရန်ကုန်

KNU ငြိမ်းချမ်းရေးပံ့ပိုး ကူညီမှုအဖွဲ့ Peace Support Team

ဧပြီလ ၈ ရက်၊၂၀၁၂ ခုနှစ်

လိပ်စာ - အမှတ် ၄၃၀၊ တတိယလမ်း (တောင်)၊ အရှေ့ကြို့ကုန်း၊ အင်းစိ်န်မြို့နယ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ။
တယ်လီဖုန်းနံပါတ် - + 0095-95-8575 225

ဆက်သွယ်ရန် ပုဂ္ဂိုလ်-

၁။ Rev မက်သရူးအေး - Karen Peace Support Team ၏ ပူးပေါင်းညှိနှိုင်းရေး တာဝန်ခံ၊
၂။ စူစန်နာ လှလှစိုး - Karen Peace Support Team ၏ ပူးပေါင်းညှိနှိုင်းရေး ပူးတွဲ တာဝန်ခံ၊ အသေးစိတ် အချက်အလက်များကို- ထုတ်ပြန်ကြေညာချက်တွင် ကြည့်ပါ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးကူညီ ပံ့ပိုးမှုအဖွဲ့ (KPST) ၏ အခန်းကဏ္ဍ

၁။ (ပြည်တွင်းနှင့် နိုင်ငံတကာ) သတင်းမီဒီယာများကို စည်းရုံးရန်။
၂။ လေ့လာသူများ။
၃။ အစည်းအဝေးများ ဖြစ်မြောက်စေရန် လှုံ့ဆော်စည်းရုံးပေးခြင်း။
၄။ ပြည်သူလူထု ပါဝင်ဆောင်ရွက်စေခြင်း။

အဖွဲ့ဝင်များ-

၁။ ဂုဏ်ထူးဆောင် ကြီးကြပ်သူ - ပါမောက္ခ စောထွန်းအောင်ချိန် (တသီးပုဂ္ဂလ)
၂။ ပူးပေါင်းညှိနှိုင်းရေး တာဝန်ခံ - Rev မက်သရူးအေး (ကရင်ဖွံ့ဖြိုးရေး ကွန်ရက် - Karen Development Network)
၃။ ပူးတွဲ-ပူးပေါင်းညှိနှိုင်းရေး တာဝန်ခံ - နန့် ခင်အေးဦး (ဘဏ္ဍာရေးမှူး ပူးတွဲ/ ကရင်ဖွံ့ဖြိုးရေး ကော်မီတီ)
၄။ ပူးတွဲ-ပူးပေါင်းညှိနှိုင်းရေး တာဝန်ခံ - နော်စူစန်နာ လှလှစိုး (Karen Women's Action Group)
၅။ အဖွဲ့ဝင် - စော ထရူး ဘလဒ် (တသီးပုဂ္ဂလ)
၆။ အဖွဲ့ဝင် - စော ကဲနက် ဝေသော် (တသီးပုဂ္ဂလ)
၇။ အဖွဲ့ဝင် - စောအလန် စောဦး (တသီးပုဂ္ဂလ)
၈။ အဖွဲ့ဝင် - မန်းကျော်ညွန့် (တသီးပုဂ္ဂလ)
၉။ အဖွဲ့ဝင် - စောကျော်စွာ (Karen Affairs Committee)
၁၀။ အဖွဲ့ဝင် - နန်းမြင့်တင်။ Karen Affairs Committee
၁၁။ သတင်းဖြန့်ဝေပြန်ကြားသူ - ညောညော (အတွင်းရေးမှူး လုပ်ငန်းတာဝန်လည်း ပံ့ပိုးထမ်းဆောင်ပေးသည်/ တသီးပုဂ္ဂလ)

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1161 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « KIO RCSS »