To subscribe our Peace Info (News PI), please enter your email here!

KNU/KNLA Peace Council kpc
ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ

http://www.karenpeacecouncil.com/

ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၂၀၀၇ ခုနှစ်။ ဇန်နဝါရီလ ၃၁ ရက်။
ဌာနချုပ်- ထိုးကော့ကိုး၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်။
လှုပ်ရှားဒေသ- ထိုးကော့ကိုးကျေးရွာ၊ ကော့ကရိတ်မြို့နယ်နှင့် မဲလထကျေးရွာ၊ လှိုင်းဘွဲ့မြို့့နယ်။
ခန့်မှန်းအင်အား- ၂၀၀ အောက်။
ခေါင်းဆောင်- ဗိုလ်ချုပ် ဌေးမောင် (ဗိုလ်ချုပ် ထိန်မောင်ဟုလည်း သိရှိကြသည်။)

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခုနှစ်တွင် ကေအဲန်ယူ ဗဟိုကော်မီတီ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ မြန်မာ စစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်သောကြောင့် KNU တပ်မဟာ-၇ တပ်မှူး ဗိုလ်မှူးချုပ် ဌေးမောင် ကို ထုတ်ပစ်ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။ ဗိုလ်ချုပ်ဌေးမောင်က ထိုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး၊ သူ၏ တပ်မဟာ-၇ ကို၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ အဖြစ် အသွင်ပြောင်းခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (CEC)-

ဥက္ကဋ္ဌ- စောဌေးမောင် ခေါ် စောထိန်မောင်။
နိုင်ငံခြားရေးဌာန- ဒေါက်တာ တင်မိုသီ လက်လမ်း
စစ်မစ်ရှင် အဖွဲ့ဝင်- ဗိုလ်မှူးချုပ် ယဉ်နု
* ဒေါက်တာ တင်မိုသီသည် NCCT အဖွဲ့ဝင် ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်- ဖေဖေါ်ဝါရီလ ရ ရက်၊ ၂၀၁၂ ခုနှစ်။
အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့် ၉-ခုမြောက် အဖွဲ့ ဖြစ်သည်။
အဆင့် ၁- ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ။
ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့-
စောဌေးမောင်၊ ဒေါက်တာ တင်မိုသီ လက်လမ်း၊ စောယဉ်နု၊ ဒေါက်တာ နော်ကဖောထူး၊ စောအယ်ကော်ထူး၊ စောဂျိုးဆက်ဖ်၊ ဒေါက်တာစောအောင်သန်း၊ နော်ကရင်မ။

ဆက်ဆံရေးရုံးများ

၁။ မြဝတီ
၂။ ဘုရားသုံးဆူ၊
၃။ ကော့ကရိတ်၊
၄။ မောတောင်နှင့်
၅။ ကော့သောင်းမြို့များ။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1020 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « NDAA DKBA »