To subscribe our Peace Info (News PI), please enter your email here!

Kachin Independence Organization kio
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့

လက်နက်ကိုင်တပ်ဖွဲ့- ကချင်လွတ်မြောက်ရေး တပ်မတော်
အစိုးရမှ ခေါ်ဆိုသည့်အမည်- ကချင်ပြည်နယ် အထူးဒေသ-၂

unfc

UNFC အဖွဲ့ဝင် ဖြစ်သည်။
ethnic armed org logo NCCT အဖွဲ့ဝင် ဖြစ်သည်။

အကျဉ်းချုပ်
တည်ထောင်သည့် ရက်စွဲ- ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်။
ဌာနချုပ်- လိုင်ဇာ၊ ကချင်ပြည်နယ်။
လှုပ်ရှားဒေသ- ကချင်ပြည်နယ်တစ်ဝှမ်းနှင့် မြောက်ပိုင်း ရှမ်းပြည်နယ်တွင် တပ်မဟာ ၅-ခု ရှိသည်။
ခန့်မှန်းအင်အား- ရ, ၀၀၀ မှ ၁၀, ၀၀၀ (KIO ၏ MHH နှင့် MKM အရပ်သား ပြည်သူ့စစ်များကို ဖယ်၍ ရေတွက်ထားခြင်း ဖြစ်သည်။)
ခေါင်းဆောင်- လန်ယော် ဇောင်းဟရား (ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီး အဲန် ဘန်လ (ဒု-ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း (ဒု-ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင် (စစ်ဦးစီးချုပ်)၊ ဗိုလ်ချုပ် ဂွမ်မော် (ဒု-စစ်ဦးစီးချုပ်)၊ ဒေါက်တာ လဂျာ (အထွေထွေ အတွင်းရေးမှူး)၊ ဦးလနန်း (ဒု အထွေ ထွေအတွင်းရေးမှူး)

KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် မြန်မာနိုင်ငံတွင် ဒုတိယ အင်အား အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။ KIO က ဖော်ပြပြောဆိုရာ၌ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ နှင့် အရံတပ်ဖွဲ့ဝင် ၁၀,၀၀၀ တို့ တိုက်ပွဲဝင်ရန် အသင့်ရှိနေသည်ဟု ဆိုကြသည်။ ကချင်ပြည်နယ်၏ ကြွယ်ဝ သည့် သယံဇာတများမှ KIO က ဘဏ္ဍာဝင်ငွေ ရရှိနေသည်။ သို့အတွက်ကြောင့်လည်း အင်အားကောင်းသည့် စစ်တပ် ကို ထူထောင်ထားနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် တရုတ်-မြန်မာနယ်စပ်တလျှောက် (ဥပမာအားဖြင့်- လိုင်ဇာ နှင့် မိုင်ဂျား ယန်) တို့တွင် ကုန်သွယ်ရေးစင်တာများလည်း ထူထောင်ထားသည်။

ပြီးခဲ့သည့် ၁၇-နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည်၊ နှစ်ပေါင်းများစွာကြာပြီးနောက် မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့တို့အကြား တစ်ခုတည်းသော စာဖြင့်ရေးထိုးထားသည့် သဘောတူ ညီချက်ဖြစ်ပြီး၊ အမည်အရ အရပ်သားအစိုးရတက်လာပြီး ၃ လ အကြာတွင် ပျက်ပြယ်ခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားရသည့်အကြောင်းမှာ KIO က နယ်ခြားစောင့်တပ် (BGF) အဖြစ် ပူးပေါင်းရန် ငြင်းပယ်ခြင်းနှင့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းအပေါ် ကန့်ကွက်မှုများကြောင့် ဖြစ်သည်။ ဤဆည်တည်ဆောက်လျှင် KIO ထိန်းချုပ်ရာ ဒေသအတော်များများကို ရေလွှမ်းမိုးသွားလိမ့်မည်ဖြစ်ရာ၊ ဤအချက်များကြောင့် တင်းမာမှုများ ဖြစ် ပေါ်ခဲ့ရသည်။ ၂၀၀၉-၂၀၁၀ ခုနှစ်များမှစ၍ မြန်မာအစိုးရပိုင် သတင်းမီဒီယာများက KIO ကို တရားမဝင်အဖွဲ့အစည်းဟု စတင်ခေါ်ဆိုလာခဲ့သော်လည်း အစိုးရတပ်များက KIO ၏ ဆန်ဂန်စခန်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၌ စတင် မတိုက်ခိုက်မီ အချိန်ထိ အပစ်အခတ် ရပ်စဲရေး တည်မြဲနေခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (CEC)-

KIO ဥက္ကဋ္ဌ နှင့် ကချင်လွတ်မြောက်ရေး ကောင်စီ (KIC) ဥက္ကဋ္ဌ- လန်ယော် ဇောင်းဟရား
ဒု-ဥက္ကဋ္ဌ ၁ - အဲန် ဘန်လ (vice-president)
ဒု-ဥက္ကဋ္ဌ ၁ - ဂေါ်ရီ ဇော်ဆိုင်း (vice-chairman)
ဒု-ဥက္ကဌ ၂ - ဗိုလ်ချုပ် ဂမ်ရှောင် (စစ်ဦးစီးချုပ်)
အထွေထွေအတွင်းရေးမှူး- ဒေါက်တာလဂျာ
တွဲဖက် အထွေထွေအတွင်းရေးမှူး- လနန်
စစ်ဦးစီးချုပ်- ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်
ဒု- စစ်ဦးစီးချုပ်- ဗိုလ်ချုပ် ဂွမ်မော်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
အကြို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသည်။
အပစ်အခတ် ရပ်စဲထားမှု- မရှိသေးပေ။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစ၍ ၂၀၁၂ တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ထိတွေ့တိုက်ပွဲပေါင်း ၂,၄၀၀ (KIO အဆိုအရ)၊ အစိုးရ အဆိုအရ ထိတွေ့တိုက်ပွဲ ၁၀၉၅။

၂၀၁၃ ခုနှစ်တွင် ထိတွေ့တိုက်ပွဲ။ ၁, ၀၀၀ ကျော် (ခန့်မှန်း)
ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်- ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့- အလှည့်ကျ ဖြစ်သည်။

ဆက်ဆံရေးရုံးများ

ယခင်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဆက်ဆံ ရေးရုံး ၂၂ ရုံး ရှိသည်။ မြစ်ကြီးနားနှင့် ဗန်းမော်တွင် ဆက်ဆံရေးရုံး ရှိသည်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ဆက်ဆံရေးရုံးများ အားလုံးကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

KIO ၏ တရားမျှတမှုနှင့် စေ့စပ်ဆွေးနွေးရေး စင်တာ (Kachin Justice and Negotiation Center)
တည်နေရာ- ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်၊ ပရန်ဂေါင် (Prang Ngawn) ကျေးရွာတွင် တည်ရှိသည်။

လုပ်ငန်းဆောင်တာများ- ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ပြည်သူအများ သိရှိနိုင်သည့် သတင်းရင်းမြစ်များ မှနေ၍ မှတ်တမ်းများ၊ အစည်းအဝေး မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းထားသည်။ ၎င်းတို့ကို လာမည့် အစိုးရနှင့် KIO ဆွေးနွေးပွဲများတွင် ပြန်၍အသုံးချနိုင်ရန် ရည်ရွယ်သည်။ အကြံပြုလိုသူများနှင့် ၎င်းတို့၏အမြင်ကို တင်ပြလိုသူများ ကိုလည်း ဖိတ်ခေါ်ထားသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group)
http://www.facebook.com/PeaceTalkCreationGroup
အင်တာနက်စာမျက်နှာ- http://peace-talkcreationgroup.com/
ဆက်သွယ်ရန်- This email address is being protected from spambots. You need JavaScript enabled to view it.

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) သည် ဆွေးနွေးပွဲများ ဖြစ် မြောက်စေရန် ကူညီပေးနေသော ကချင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တည်ထောင်ထားသည်။ သူတို့က အစိုးရနှင့် KIO အကြား ဆွေးနွေးပွဲများ ညှိနှိုင်း ပေးခြင်း၊ ချိန်းဆိုပေးခြင်းနှင့် အခြားစီစဉ်မှုများကို လုပ်ဆောင်ပေးသည်။ သူတို့က ရံဖန်ရံခါ ဆွေးနွေးပွဲများ အတွက် ငွေကြေးလည်း ကမကထပြု ကူညီပေးသည်။

အဖွဲ့ဝင်များတွင် -

Jadeland ကုမ္ပဏီမှ ယုဇော်ခေါင်
လမိုင် ဂွမ်ဂျာ
ခပရာ ခွန်အောင်
အဲန် ရှန်ဆန်းအောင် တို့ ပါဝင်ကြသည်။
ဤအဖွဲ့တွင် တရားဝင် မှတ်တမ်းတင်ရန် အဖွဲ့ဝင် ရ ဦးလည်း ရှိသေးသည်။

------- မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား၂ဝ၁၄ စာအုပ်မှ သတင်းအချက်အလက် ရယူသည်။-------

Read 1130 times

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
More in this category: « UNFC KNU »