To subscribe our Peace Info (News PI), please enter your email here!

ABSDF သည် ၁၉၈၈ ခုနှစ်၊ အရေးတော်ပုံနောက်ပိုင်း ထူထောင်ခဲ့သည့် ကျောင်းသားတပ်မတော်ပင် ဖြစ်သည်။ ၎င်းတို့ ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိစေရန်အတွက် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်ရန် ဖြစ်သည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ပြည်သူတို့ လွတ်မြောက်ရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အတွက် တောင်းဆိုလှုပ်ရှားနေသည်။ ဌာနချုပ်ကို ရခိုင်ပြည်နယ်အနီး အိန္ဒိယနိုင်ငံ နယ်စပ်တွင် အခြေပြုထားသည်။ ALP ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) သည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့တွင် မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်လျက်ရှိသည်။

ယခင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO/A) သည် အစိုးရနှင့် ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် လက်နက်ချ အပ်နှံခဲ့သည်။ ပြီးနောက် ပလောင် ခေါင်းဆောင် တာအိုက်ဖုန်း နှင့် တာဘုန်းကျော်တို့က လစ်ဟာနေသည့် ကွပ်လပ်ကို ဖြည့်ဆည်းသည့်အနေဖြင့်၊ အဖွဲ့အစည်းကို ပြန်လည်ဖွဲ့စည်း၍၊ PSLF အမည်ဖြင့်ပင် မြန်မာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ TNLA သည် PSLF ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ လက်ရှိတွင် TNLA က KIA ၊ SSPP/SSA တို့နှင့် လက်တွဲ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရကို ဆန့် ကျင်တိုက်ခိုက်လျှက် ရှိသည်။

NSCN-K အဖွဲ့သည် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းရှိ နာဂလူမျိုးများနေထိုင်ရာ ဒေသများကို ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် နာဂအဖွဲ့ ၂-ဖွဲ့ ကွဲ သွားသည်။ NSCN-K ကို အက်စ် အက်စ် ကပ်ပလန်က ဦးဆောင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိ လဟယ် နှင့် နန်းယွန်း မြို့နယ်များတွင် အခြေစိုက်သည်။

  • နောက်ဆုံးသတင်း