To subscribe our Peace Info (News PI), please enter your email here!

လူသိနည်းသော NCA ဆိုင်ရာပူးတွဲဆုံးဖြတ်ချက်များ

တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ စာချုပ် (Nationwide Ceasefire Agreement-NCA) ဟူသည့် စကားလုံးကို နိုင်ငံအနှံ့အပြားရှိ ကလေးငယ်များက အစ၊ လူထုကြား၌ ယဉ်ပါးနေကြပြီဟု ဒေါက်တာတင်မျိုးဝင်းက ၂၀၁၆ခုနှစ် မကုန်မီ အစည်းအဝေးတရပ်တွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် သတင်းသမားနှင့် ပညာရှင်များ အသိုင်းအဝိုင်း၌လည်း NCA ၏အခန်း ရ-ခန်း၊ စာပိုဒ် ပုဒ်မ ၃၃ပိုဒ် တို့ကို လေ့လာဖတ်ရှုပြီးသူများ ရှိကြောင်းကိုလည်း ရေးသားသည့် သတင်းဆောင်းပါးများနှင့် ဝေဖန်သုံးသပ်ချက်များကို ဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။

ဤအတွက် NCA ကို အများပြည်သူသိအောင် ရိုက်နှိပ်ဖြန့်ဝေခဲ့သော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို ကျေးဇူးတင်ရမည် ဖြစ်ပါသည်။

သို့ရာတွင် NCA နှင့် ပူးတွဲပါလာသည့် အစည်းအဝေး ဆုံးဖြတ်ချက်များ ကိုကားလူသိနည်းနေသေးသည်ကို တွေ့ရပါသည်။ ဥပမာဆိုရလျှင်၊ လုံခြုံရေးဆိုင်ရာ ပြန်််လည်ပေါင်းစည်းခြင်း (Security Reintegration) ဆိုသည်မှာ အများသိလုံခြုံရေးဆိုင်ရာ ပြန်လည်ပြုပြင်ရေး (SSR-Security Sector Reform) လား၊ လက်နက်ဖြုတ်-တပ်ဖြုတ်-ပြန်လည်ပေါင်းစည်းရေး (DDR-Disarmament, Demobilization and Reintegration) လား ဆိုသည်မှာ မသိကွဲကြောင်း ဝေဖန်မှုရှိသည်ဟု သုံးသပ်မှုကို မကြာသေးမီက ဖတ်ရှုလိုက်ရပါသည်။

အကယ်၍ NCA ကဲ့သို့ပင် NCA ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များကို အများဖတ်ရှု လေ့လာနိုင်ရန် ဖြန့်ချီပေးခဲ့ပါက ဤကဲ့သို့ ဝေဖန်မှုများ ပေါ်ထွက်နိုင်စရာ အကြောင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် NCA နှင့် ပူးတွဲပါ ဆုံးဖြတ်ချက်နှင့် မှတ်တမ်း ၃၆ချက်၌၊ ဆုံးဖြတ်ချက် ၁၄ (က) တွင် “လုံခြုံရေး ပြန်လည်ပေါင်းစည်းခြင်း ဆိုသည်မှာ SSR-DDR လုပ်ငန်းစဉ်များကို ဆိုလိုခြင်းဖြစ်သည်” ဟု အတိအကျ ရေးသားထားသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။

ဤသည်မှာ သတင်းသမားနှင့် ပညာရှင်များ ထက်သက်ဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စတွင် တိုက်ရိုက် ပါ၀င် လုပ်ဆောင်နေသူ ပုဂ္ဂိုလ်များနှင့် ဌာနအဖွဲ့အစည်းများ၏ တာဝန်ဖြစ်နေမည်မှာ ယုံမှားစရာ မရှိပါ။

သို့ဖြစ်ပါ၍၊ ထိုကဲ့သို့ ထပ်မံမဖြစ်စေရန် NCA ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်းတို့ကို ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်း၏ စာအုပ်မှ ကောက်နှုတ်ယူ၍ ထပ်မံဝေဌ အပ်ပါသည်။

Loading...

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn