To subscribe our Peace Info (News PI), please enter your email here!

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်းအပေါ် (၉) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၆) ရက်မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တိုု့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေး အတွက် သဘောတူစာချုပ်မူကြမ်း (၈) ကြိမ်မြောက်ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း ရရှိနိုင်ရန် သတ္တမအကြိမ်မြောက် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဗဟို ဌာန (MPC) တွင် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ မတ်လ ၃၀ နှင့် ၃၁ ရက်များ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace Making Work Committee) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ (Nationwide Ceasefire Coordination Team) အကြား တစနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် (Nationwide Ceasefire Agreement) မူကြမ်းအပေါ် လုပ်ငန်းညှိနိုင်း ဆွေးနွေးပွဲ ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဗဟို ဌာန (Myanmar Peace Center) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၄ ခုနှစ်၊ သြဂုတ် လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။