To subscribe our Peace Info (News PI), please enter your email here!

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကေအဲန်ယူ ဗဟိုဋ္ဌာနချုပ်၊ ဘားအံခရိုင်၊ လော်ခီးလာစခန်းတွင် ၂၀၁၅ ခုနှစ်၊ ဇွန်လ (၂) မှ (၉) ရက်နေ့အထိ ရှစ်ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးကြီးသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၁၇) ဖွဲ့၏ ကိုယ်စားလှယ်နှင့်လေ့လာသူ (၁၀၈) ဦး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် (၁၁) ဦး၊ NCCT  နည်းပညာ အထောက်အကူပြုအဖွဲ့ဝင် (၅) ဦး၊ အထူးဖိတ်ကြားထားသူများနှင့် ရုံးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၁၉၀) ဦး တက်ရောက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်မှ (၂၉) ရက်နေ့အထိ တစ်နိုင်ငံလုံးအပစ်အခတ်ရက်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးနှင့် (၃၀-၃၁) ရက်နေ့များတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတို့ကို လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ကွန်ဖရင့်(လော်ခီးလာကွန်ဖရင့်) ကြီးကို KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ လေးဝါး(ခေါ်)လော်ခီးလာစခန်းတွင် ၂ဝ၁၄-ခုနှစ် ဇန်နဝါရီလ (၂ဝ) ရက်နေ့ မှ (၂၅) ရက်နေ့အထိ ကျင်းပခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (၁၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့်လေ့လာသူများ စုစုပေါင်း (၁၀၂) ဦး တက်ရောက်သောကွန်ဖရင့်ကြီးကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့မှ နိုဝင်ဘာလ (၂) ရက်နေ့အထိ ကေအိုင်အို၏ ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပြပြုလုပ်ခဲ့သည်။