To subscribe our Peace Info (News PI), please enter your email here!

SINGLE TEXT

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် Single Text ဟုခေါ်သော Document မှတ်တမ်းအမျိုးအစားကို အသုံးပြုလျက်ရှိသည်။ Single Text အိုင်ဒီယာကို ၂၀၁၃ နိုဝင်ဘာလတွင် Pyidaungsu Institute က အကြံပြုတင်ပြခဲ့သည်။

Single Text မတိုင်မီက အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား အပစ်ရပ်ကိစ္စ ဆွေးနွေးရာတွင် နှစ်ဖက်စလုံးမှ မူကြမ်းများကို တစ်ခုပြီးတစ်ခု တင်သွင်းကြသည်။ အစည်းအဝေးတစ်ခါ ပြုလုပ်လျှင် အစိုးရက မူကြမ်း Update တင်ပြသကဲ့သို့ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း မူကြမ်း Update တင်ပြကြသည်။ သို့ရှိရာ မူကြမ်း Version များ များများလာပြီး ပြင်ဆင်ထားသည့်အချက်များ၊ သဘောတူရန် ကျန်ရှိနေသည့်အချက်များ (တစ်နည်း - ဦးတည်ဆွေးနွေးရမည့်အချက်များ)၊ သဘောတူပြီးသား အချက်များကို စနစ်တကျ မှတ်တမ်းတင်ထားရန်နှင့် စီမံခန့်ခွဲရန် လိုအပ်လာသည်။ ထို့အပြင် သဘောတူပြီးသားအချက်များကို ပြန်လည်ဆွေးနွေးရခြင်းမျိုး မရှိစေရန်၊ ဆွေးနွေးသည့် အဆင့်များ ပိုမိုစနစ်တကျဖြစ်စေရန် Single Text မှတ်တမ်းနည်းလမ်းကို စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Single Text နှင့်ပတ်သက်သည့် အဓိကအချက်များမှာ -

  • Single Text ကိုယ်တိုင်သည် စာချုပ်မဟုတ်ပါ။ နှစ်ဖက်သဘောတူညီမှုရရှိရေး ဆွေးနွေးရာတွင် ပိုမိုစနစ်ကျစေရန် အထောက်အကူပေးသည့် Technical မှတ်တမ်း ဖြစ်သည်။
  • နှစ်ဖက်အဖွဲ့မှ သီးခြားမှတ်တမ်း တစ်ခုစီကိုင်ပြီး ဆွေးနွေးခြင်း (သို့) မူကြမ်း Update တစ်ခုပြီး တစ်ခု တင်သွင်းခြင်းထက် နှစ်ဖက်တင်ပြချက်ကို မှတ်တမ်းတစ်ခုတည်းပေါ်တွင် ဘေးချင်းယှဉ် ထားပြီး ထိုမှတ်တမ်း တစ်ခုတည်းကို အခြေခံကာ မှတ်တမ်းပါအချက်များ အားလုံးကို သဘောတူသည်အထိ စနစ်တကျ ဆွေးနွေးသွားရန်ဖြစ်သည်။
  • နှစ်ဖက်အဖွဲ့က ထိုမှတ်တမ်းတစ်ခုတည်းကို ပူးတွဲပြင်ဆင်ရန်၊ မှတ်တမ်းတင်ရန်ဖြစ်သည်။
  • ထိုမှတ်တမ်းတွင် ကော်လံ များ သီးခြားစီရှိသည်။ ကော်လံတစ်ခုတွင် အစိုးရတင်ပြချက်ကိုထားပြီး၊ အခြား ကော်လံတစ်ခုတွင် တိုင်းရင်းသားဖက်မှတင်ပြချက် ဘေးချင်းယှဉ်ထားသည်။
  • သဘောမတူသည့်အချက်များကို အရောင်ဖြင့် သတ်မှတ်ထားသည်။ အစိုးရဖက်မှ တင်သွင်းသည့် အချက်ကို တိုင်းရင်းသားအဖွဲ့အစည်းများက သဘောမတူပါက ထိုအချက်ကို အပြာရောင်ဖြင့် ရေးထားပြီး၊ သတ်မှတ်ထားပြီး၊ အစိုးရဖက်မှ သဘောမတူသည့်အချက်ကို အနီဖြင့် ပြထားသည်။
  • အနီနှင့် အပြာ အရောင်ကွဲများကိုသာ ဦးတည်ဆွေးနွေးရန်ဖြစ်ပြီး သဘောတူပြီးပါက အမဲရောင်ကို ပြောင်းလဲရေးသားသည်။
  • ထိုမှတ်တမ်းသည် လျှို့ဝှက် မှတ်တမ်း ဖြစ်သည်။

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
  • နောက်ဆုံးသတင်း