To subscribe our Peace Info (News PI), please enter your email here!

အပစ်ရပ်စောင့်ကြည့်ရေး (Ceasefire Monitoring)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် အရေးကြီးအစိတ်အပိုင်းတစ်ခုမှာ အပစ်ရပ်စောင့်ကြည့်ရေး ဖြစ်သည်။ အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီများအား ပူးတွဲကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသန္တရ၊ လူထုအခြေပြု စောင့်ကြည့်ရေးအဖွဲ့များ၊ ထူထောင်နိုင်ရေး စသည်တို့ကို အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား ဆွေးနွေးလျက်ရှိသည်။ အပစ်ရပ်စောင့်ကြည့်ရေးကို အပစ်ရပ်စာချုပ်အတွင်း ထည့်သွင်းချုပ်ဆိုမည်၊ သီးခြားချုပ်ဆိုမည်၊ နောက်ဆက်တွဲအဖြစ်ထားမည် စသည်တို့ကိုလည်း ဆွေးနွေးနေဆဲဖြစ်သည်။

ယေဘုယျအချက်အချို့မှာ

  • အပစ်ရပ်စောင့်ကြည့်ရေးကို ပူးတွဲငြိမ်းချမ်းရေးကော်မတီ ကြီးကြပ်မှုအောက်တွင်ထားရှိခြင်း (သို့) အစိုးရ အောက်တွင်ထားရှိခြင်း
  • စောင့်ကြည့်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခြင်း
  • သီးခြားလွတ်လပ်သည့် စောင့်ကြည့်ရေးအဖွဲ့များထားရှိရန်
  • နို်င်ငံတကာ၏ အခန်းကဏ္ဍ
  • ချိုးဖောက်မှု သတင်းပို့၊ စီစစ်၊ အရေးယူသည့် စနစ်နှင့် စည်းမျဉ်းစည်းကမ်းများ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် NCCT အဖွဲ့မှ အဆိုပြုသည့် အပစ်ရပ်စောင့်ကြည့်ရေးယန္ထရား ဗားရှင်း (၂) ခု ရှိပြီးဖြစ်သည်။ တစ်ခုမှာ လော်ခီးလာညီလာခံအတွင်း ရေးဆွဲဆွေးနွေးသော အပစ်ရပ်စာချုပ်မူကြမ်းမှဖြစ်ပြီး ယခုအခါ ဆက်လက်ပြင်ဆင်ရေးဆွဲလျက် ရှိသည်။ ထိုမှတ်တမ်းများသည် လျှို့ဝှက်မှတ်တမ်းများ ဖြစ်သည်။

WGEC (Working Group for Ethnic Coordination) ရေးဆွဲခဲ့သည့် အလုံးစုံသော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) တွင်လည်း အပစ်ရပ် စောင့်ကြည့်ရေး ယန္ထရား အစိပ်အပိုင်း ပါ၀င်သည်။ ဤ စာမျက်နှာတွင် ဖတ်ရှုနိုင်သည် (ဥပမာ - စာမျက်နှာ ၁၃၊ ၁၄၊ ၅၀)။ WGEC မှ အဆိုပြုသော အပစ်ရပ်စောင့်ကြည့်ရေးဆိုင်ရာ ယန္ထရား နှင့်ပတ်သက်သည့် ဇယားကို အောက်တွင် ကြည့့်ရှုနိုင်သည်။

(မှတ်ချက် - လက်ရှိ NCCT နှင့် အစိုးရတို့ ညှိနှိုင်းမှုသည် WGEC ပါ အချက်များကဲ့သို့ ရာနှုန်းပြည့်တူခြင်း မဟုတ်ပါ။ Pyidaungsu Institute အနေဖြင့် WGEC အဆိုပြုချက်အား သဘောတူခြင်း၊ ပြန်လည်အဆိုပြုခြင်း မဟုတ်ပါ။ လျှို့ဝှက်မဟုတ်သော မှတ်တမ်း ဖြစ်သဖြင့် အများပြည်သူ သိရှိရန် ပြန်လည်တင်ပြခြင်းသာ ဖြစ်သည်။ NCCT နှင့် အစိုးရကြား ဆွေးနွေးနေသည့် မှတ်တမ်းများ လျှို့ဝှက်မဟုတ်တော့ပါက ထပ်မံတင်ပြပေးသွားမည် ဖြစ်သည်။)

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
  • နောက်ဆုံးသတင်း