To subscribe our Peace Info (News PI), please enter your email here!

စစ်သည်ကျင့်ဝတ် (Military Code of Conduct)

စစ်သည်ကျင့်ဝတ် (Military Code of Conduct) သည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးကြီးဆုံး ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သည်။ အပစ်ရပ်ကာလအတွင်းတွင် လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ ကာလအတွင်းတွင် လည်းကောင်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ နှစ်ဖက် သဘောတူ လိုက်နာရမည့် စည်းကမ်းများဖြစ်သည်။ လက်ရှိကာလတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ညှိနှိုင်းဆဲဖြစ်သည်။

စစ်သည်ကျင့်ဝတ် နှင့်ပတ်သက်၍ WGEC မှ အဆိုပြုသော အလုံးစုံသောပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) တွင် KNU နှင့် အစိုးရအကြား ချုပ်ဆိုထားသော စစ်သည်တော်ကျင့်ဝတ်ကို ကိုးကားဆွေးနွေးရန် ရည်ညွန်းထားသည်။ ထို စစ်သည်ကျင့်ဝတ်ကို ဤစာမျက်နှာ (နောက်ဆက်တွဲ ၃ http://www.pyidaungsuinstitute.org/index.php/အပစ်အခတ်ရပ်စဲရေး/မူရင်း-မှတ်တမ်း/တစ်နိုငံလုံး-အတိုင်းအတာ-အပစ်အခတ်ရပ်စဲရေးစာချုပ်-မူကြမ်း) တွင် ဖတ်ရှု နိုင်သည်။

(မှတ်ချက် - WGEC ကို ကိုးကားခြင်းမှာ Pyidaungsu Institute အနေဖြင့် WGEC ၏ အဆိုပြုချက်များကို ထောက်ခံခြင်း၊ ပြန်လည်အဆိုပြုခြင်း မဟုတ်ပါ။ လျှို့ဝှက်မဟုတ်သော မှတ်တမ်း ဖြစ်သဖြင့် အများပြည်သူသိရှိရန် တင်ပြခြင်းဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လက်ရှိဆွေးနွေးနေသည့် မှတ်တမ်းများ လျှို့ဝှက်မဟုတ်တော့ပါက ထပ်မံတင်ပြပေးသွားမည် ဖြစ်သည်။)

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
  • နောက်ဆုံးသတင်း