To subscribe our Peace Info (News PI), please enter your email here!

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ
ဇန်နဝါရီ ၁၂ ရက်မှ စတင်၍ ၅ ရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော နိုင်ငံရေးသမိုင်းတွင် မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ဤညီလာခံတွင် အဓိကအားဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒစသည့် ခေါင်းစဉ်ငါးခုကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲ့များမှ သီးသန့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ ညီလာခံတွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များကို စုစည်းကာ ညီလာခံကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဌ သုံးဦးက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းထံ လွှဲပြောင်းပေးခဲ့သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလသည် မြန်မာ့သမိုင်းတွင် ထိပ်သီး ခေါင်းဆောင်များတွေ့ဆုံဆွေး နွေးမှုအများဆုံးသော လ အဖြစ် သမိုင်းဝင်မည့် လ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရန် ကြိမ်ဖန်များစွာ တောင်းဆိုပြီး ငြင်းပယ်ခြင်းခံခဲ့ ရသော ကြိုးပမ်းမှုသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလရောက်မှ အောင်မြင်ခြင်းကြောင့်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသည် (၃) လနီးပါးကျင်းပပြီး (၈၃) ရက်နေ့မြောက် သြဂုတ်လ (၂၈) ရက်နေ့တွင် ပြီးဆုံးခဲ့ပါ သည်။ ၎င်းအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ ဦးရွှေမန်းအား လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ ဖြုတ်ချရန် ကြိုးစားခြင်းနှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရပ်နားခြင်း မရှိသေးသည့် အချိန်မှာအမျိုးသားလွှတ်တော် ရပ်နားခြင်းများကြောင့် ထူးခြားသည့် လွှတ်တော်အစည်းအဝေးဟု ဆိုနိုင် သည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လသည် ထူးခြားသော သတင်းများဖြင့် ပြည့်စုံသောလ ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရရွှေမန်းနှင့် ပါတီခေါင်းဆောင်ပိုင်းမှ ၁၂ ဦးကို သြဂုတ်လ ၁၂ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားလိုက်ပြီး ဥက္ကဌ ဦးဌေးဦးကို ပူးတွဲဥက္ကဌ အဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်။