To subscribe our Peace Info (News PI), please enter your email here!

ရက်စွဲ ။ ။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၇ ရက်

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက််မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းသည် အားလုံးပါဝင်သော စာချုပ်ရေးထိုးနိုင်ရေးအတွက် ပဏာမခြေလှမ်းဖြစ်သည်ဟု ယုံကြည်သည် ။

ရှမ်းပြည်နယ်တွင်းရှိ အပစ်ရပ်ဒေသများဖြစ်သော မြို့နယ် (၄) ခုအတွင်း နေပြည်တော်စစ်တပ်များ ယနေ့ ထိုးစစ်ဆင်နေခြင်းကြောင့် ကျေလက်ပြည်သူလူထု (၁၅၀၀) ဦးကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ကို ရှမ်းလူမှုအဖွဲ့အစည်းများက များစွာစိုးရိမ်ပူပန်မိပါသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုုင်ငံ) သည် လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သာ ပါ၀င်သောအစိုးရမှ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးကို ဦးမတည်ပဲ ပဋိပက္ခများ ပိုမိုဆိုးရွားစေမည်ကို အလွန်ပင်စိုးရိမ်ပူပန်မိပါသည်။

(၁) ငြိမ်းချမ်းရေး နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲ ကို ၂၀၁၅ ခုနှစ် မေလ (၉) ရက်နေ့တွင် အင်းယားလိပ် ဟိုတယ်တွင်ကျင်းပ ခဲ့ပါသည်။ ယင်း ဆွေးနွေးပွဲသို့ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ (၆၄) ပါတီ၏ ကိုယ်စား လှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ခုမှ ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ကြပါသည်။