To subscribe our Peace Info (News PI), please enter your email here!

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက် 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် မြေပြင် ထိုးစစ်အခြေအနေများနှင့်စပ်လျဉ်း၍ အများပြည်သူသို့ အောက်ပါအတိုင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်

ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၁၆ ခုနှစ် (၆) လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကြီးကို ဇူလိုင်လ (၇) ရက်နေ့မှ (၁၈) ရက် နေ့အထိ ကျင်းပခဲ့ပါသည်။

UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ မွန်းလွဲ (၂) နာရီ၊ နေပြည်တော်၊ ဘုရင့်နောင်ခန်းမတွင် မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ၊ သတင်းမီဒီယာများ တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး မှ မိမိတို့ သုံးဖွဲ့အား ငြိမ်းချမ်းရေး ဆွေးနွေးမည်မဟုတ်ဘဲ လက်နက်စွန့်ရမည်ဟု ပြောဆိုခဲ့သည့် မြန်မာ့တပ်မတော်၏ သဘောထားကို မိမိတို့ အပြင်းအထန်ကန့်ကွက်လိုက်ပါသည်။