To subscribe our Peace Info (News PI), please enter your email here!

ယနေ့ကာလသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော ကာလတစ်ခုဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းရေး စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့သော ကာလတစ်ခုလည်း ဖြစ်ပါသည်။ တနည်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နေသော အလွန် သိမ်မွေ့သောကာလဟုလည်း ဆိုနိုင်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်ရန် ခြေလှမ်းပြင်နေသောကာလ နှင့်လည်း တိုက်ဆိုင်နေပါသည်။ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော ရွေးကောက်ပွဲကြီးကို တရားမျှတစွာ ကျင်းပနိုင်ရေး ကြိုးပမ်းနေသော အချိန်အခါလည်း ဖြစ်ပါသည်။

ပြည်ထောင်စု လွှတ်တော်တွင် ပြဌာန်းခဲ့သော အမျိုးသား ပညာရေးဥပဒေ အား ပြင်ဆင်ရန်အတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ချီတက်ခဲ့ကြသော ကျောင်းသားများ၏ ပင်မသပိတ်စစ်ကြောင်းသည် ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့တွင် ခေတ္တရပ်နား စခန်းချပြီး ရန်ကုန်မြို့အထိ ဆက်လက်ချီတက်ရန် စီစဉ်နေခဲ့ပါသည်။ အစိုးရဖက်ကလည်း ရန်ကုန်အထိ ဆက်လက်ချီတက်ရန် ခွင့်မပြုနိုင်ဘဲ ကျောင်းသားများအား ပိတ်ဆို့ထားခဲ့ရာ တင်းမာမှုများ တစ်စတစ်စ ကြီးမားလာခဲ့ပါသည်။

UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ၌ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ရာ၊ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များနှင့် လူထုအခြေပြုအဖွဲ့အစည်းများ စုစုပေါင်း ၃၃ ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး အောက်ပါအချက်များကို သဘောတူ ထုတ်ပြန်ကြေညာလိုက်ပါသည်။

၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀-၁၁) ရက်နေ့တွင် နေပြည်တော်၊ ရတနာသိင်္ဃ ဟိုတယ်တွင် ကျင်းပပြုလုပ်သော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation) ၏ (၂၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့်စပ်လျဉ်း၍ ညီနောင်တိုင်းရင်းသားပါတီ (၂၂) ပါတီမှ အောက်ပါသဘောထားကြေညာချက်များကို ထုတ်ပြန်ပါသည်။